spot_imgspot_imgspot_imgspot_img
Tuesday, September 2, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အနောက်ခြမ်းက ဒေလကြိုကျေးရွာမှာ ကလေးအပါအဝင် အရေပြားယားယံသူ အဖြစ်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေလကြိုကျေးရွာမှာ ကျောင်းနေအရွယ်ကလေးတွေအပါအဝင် ကျေးရွာခံတချို့ဟာ အရေပြားယားယံမှု အဖြစ်များနေတယ်လို့ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

“အရွယ်စုံဖြစ်ပါတယ်။ ကျောင်းနေအရွယ်တော့ပိုဖြစ်တယ်၊ ဒေလကြိုရွာမှာဖြစ်တာပါ။ ဘော်ဒါဆောင်ကစ ဖြစ်ပါတယ် ဆေးဝါး အကူညီကတော့ အလှရှင်တွေဆီက ရပါတယ်။ ပြည်တည်နာတွေကတော့ နှစ်စဥ် ဒီရာသီဆိုအဖြစ်များပါတယ်။ ကူးစက်မှုလည်းရှိပါတယ် ပျောက်ဖို့ကတော့ကြာတယ်။” လို့ ကျန်းမာရေးဆရာမတစ်ဦးက အခုလို ပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ကစလို့ ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသားတွေကနေ စတင်ဖြစ်ပွားပြီး ခန္ဓာကိုယ်အနှံ့အပြားမှာ အနီစက်ထွက်တာ၊ ယားယံတာ၊ ပြည်တည်နာဖြစ်တာ၊ ရောင်ရမ်းတာ စတဲ့ လက္ခဏာ ဖြစ်ပွားကြတယ်လို့ ဆိုပါတယ်။

ဆေးခန်းကို လာရောက်ပြသတဲ့ ဘော်ဒါဆောင်နေ ကျောင်းသူ၊ ကျောင်းသား (၁၇)ဦး၊ ကျေးရွာခံ ၁၅ ဦးက အရေပြားယားယံမှုကို ခံစားနေရတယ်လို့ ဆိုပါတယ်။ တစ်လကြာတဲ့အထိ အရေပြားယားယံမှုက ပျောက်ကင်းတာမရှိသေးဘဲ အနည်းငယ်သာ သက်သာလာတယ်လို့ ဆိုပါတယ်။ ဒေလကြိုကျေးရွာအပြင် တခြားကျေးရွာမှာလည်း ဖြစ်ပွားသူရှိပေမယ့် စာရင်းကိုတော့ အတိအကျမသိရှိရဘူးလို့ ပြောပါတယ်။

“ဆေးကတော့ လိုတာကတော့လိုပါတယ်။ ကျမတို့လည်း တတ်နိုင်သလောက်တော့ ရှာထား ချိတ်ထားပါတယ်” လို့ အဆိုပါ ကျန်းမာရေးဆရာမတစ်ဦးက ဆက်ပြောပါတယ်။

အရေပြားယားယံမှုက နှစ်စဉ် မိုးရာသီကာလမှာ ဖြစ်ပွားလေ့ရှိပြီး ကူးစက်မှုရှိတာကြောင့် ဆေးဝါးလိုအပ်ချက်လည်း ရှိနေတာပါ။ အရေပြားယားယံမှုအပြင် ရာသီအကူးအပြောင်းမှာ ဖြစ်ပွားတဲ့ တုပ်ကွေးရောဂါလည်း အဖြစ်များတယ်လို့ ကျန်းမာရေးဆရာမက ပြောပါတယ်။

ဒေလကြိုကျေးရွာမှာ စစ်ဘေးရှောင်တွေလည်း လာရောက်စုပေါင်းနေထိုင်ကြပြီး ဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူအပါအဝင် လူဦးရေ ၇၀၀ ကျော် ရှိပါတယ်။

spot_img

Recent posts