spot_imgspot_imgspot_imgspot_img
Thursday, August 28, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ စစ်ကော်မရှင်က ညအချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင်ရဲ့ အခြေစိုက်တပ်စခန်းတွေကနေ စစ်ရေးလှုပ်ရှားမှုရှိနေပြီး ညအချိန်မှာ လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

” အခု ရက်ပိုင်းလည်း ကြောက်စိတ်ကြောင့် ကယောင်ကတမ်း ဖြစ်ကုန်တယ်။ စစ်တပ်က ရွာနားထိ ရောက်လာတယ်။”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က ဖရူဆိုမြို့ပြင်အထိ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာတွေ ရှိတဲ့အတွက် လူထုတွေအနေနဲ့ သွားလာရေးတွေ အထူးဂရုစိုက်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီအခြေစိုက်တပ်ရင်းဖြစ်တဲ့ ခမရ ၅၃၁၊ ခလရ ၄၂၈၊ မြို့မရဲစခန်းနဲ့ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးသင်တန်းကျောင်း ရှိပါတယ်။

spot_img