spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆို ထီးသဲကူးကျေးရွာမှာ ရာသီတုပ်ကွေးအဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့တောင်ဘက် ထီးသဲကူးကျေးရွာမှာ ဇန်နဝါရီလအတွင်း ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ ကျန်းမာရေးကူညီပေးသူ ဆရာမတစ်ဦးထံကနေ သိရပါတယ်။

အဲ့ဒီကျေးရွာမှာ ဆေးအလှူရှင် မရသလို စစ်ရှောင်နဲ့ ဒေသခံတွေအတွက် အခြေခံဆေးဝါးလည်း လုံလောက်မှုမရှိတဲ့အတွက် ကျန်းမာရေးပိုင်းဆိုင်ရာ လိုအပ်ချက်ရှိတယ်လို့ ဆိုပါတယ်။ ယခုလအတွင်းမှာ ဆောင်းအအေးဒဏ်ကြောင့် ကလေးနဲ့ လူကြီးအများစုက ရာသီတုပ်ကွေးဖြစ်ပွားနေပါတယ်။

” ဆေးကတော့ မလောက်ဘူးပေါ့၊ အလှူရှင်ရှာချင်တာပေါ့ ကိုယ့်သူငယ်ချင်းဆီကနေပဲ ယူပြီးသုံးနေရတော့ ဆေးဝါးအခက်အခဲဖြစ်နေတယ်၊ ဒီရွာမှာ သွေးတိုးလည်း များတယ်၊ အခြေခံဆေးဝါးတောင်မှ မလောက်ဘူးဖြစ်နေတယ်။ အခုလောလောဆယ်က ရာသီတုပ်ကွေးတွေ ဖြစ်များတယ်၊ ကလေးရော၊ လူကြီးရောပေါ့၊ ကလေးဖြစ်တာ ကလေးဆေးမရှိတော့ ခက်ခဲတယ် ” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ထီးသဲကူးကျေးရွာမှာ လူဦးရေ ၅၀၀ ကျော်ရှိပြီး ယခုလအတွင်း ရာသီတုပ်ကွေးဖြစ်ပွားမှုက တစ်ရက်လျှင် ၁၀ ဦး အထိ ရှိသလို အချို့မှာ မိသားစုလိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

spot_img

Recent posts