spot_imgspot_imgspot_imgspot_img
Saturday, July 26, 2025
spot_imgspot_imgspot_imgspot_img

မယ်စလောင်းတောင် စခန်းသိမ်းပိုက်ခံရပြီး စစ်ကောင်စီမှ စစ်ကြောင်းထိုးဖို့ ပြင်နေ

Author

Date

Category

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင် စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က အင်အား ၂၀၀နီးပါးနဲ့ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ KNDF တပ်ရင်း ၁၆ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ လောလောဆယ် အဲ့ဖက်မှာက စစ်ကြောင်းတွေ စခန်းသိမ်းပြီးတော့ အဲ့ဒီစခန်းကို ပြန်ရဖို့ လုပ်နေမယ်ထင်တယ်။ စစ်ကြောင်းကြီးနဲ့လာတယ်။ မနေ့ကတောင်မှ ရွာထဲထိဆင်းလာတယ်ပြောတယ်။ ထိတွေ့မှုဖြစ်သေးတယ်။ ပစ်ခတ်မှုဖြစ်တယ်။ အခုတော့ အဲ့ဒီစခန်းရဲ့ပတ်ဝန်းကျင်နားမှာ နှစ်နေရာ၊ သုံးနေရာ သူတို့ (စစ်ကောင်စီတပ်) ရှိတယ်လို့ ပြောပြလာတယ်။ စစ်ရေးအခြေအနေကတော့ ဒီအခြေအနေမှာတော့ တင်းမာနေတာပေါ့ တင်းမာနေတယ်ဆိုတာထက် အခြေအနေမကောင်းဘူးပေါ့။”လို့ KNDF တပ်ရင်း ၁၆ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး နောက်ရက်မှာ ကင်းထောက်ရဟတ်ယာဉ်တစ်စီး တစ်နေကုန် ပျံသန်းနေပြီး ဘောလခဲအခြေစိုက်တပ်ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုမရှိပေမယ့် ဒေသခံအများစုကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Loikaw PDF

“ တိုက်ပွဲမဖြစ်ခင် ကြိုရှောင်ထားတာတော့ လုံခြုံရေးအတွက် ပိုစိတ်ချရတယ်ပေါ့။ မယ်စလောင်းတောင်တိုက်ပွဲအပြီး နောက်ရက် လက်နက်ကြီးပစ်တယ်။ စခန်းသိမ်းခံထားရတော့ တိုက်ပွဲဆက်ဖြစ်မှာကိုတော့ စိုးရိမ်မိတယ်။ အစိုးရိမ်ဆုံးကတော့ လေကြောင်းကနေ ပစ်မှာကို ကြောက်ရတယ်။” လို့ နန်းဖဲ ဒေသခံတစ်ဦးက ပြောပါတယ်။

မယ်စလောင်းတောင် စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ မှာ ပူးပေါင်းတပ်ဖွဲ့ တွေက ဖျက်ဆီးခဲ့ပြီး တိုက်ခိုက်မှုအပြီး (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက် ၊ MA-1 (၁)လက် ၊ MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါးကြင်းမြီး (၁)လက် ၊ စနှိုက်ပါ (၁)လက် ၊ မိုင်းနဲ့ ခဲယမ်းကျည်ဆံတွေအပြင် အခြားအသုံးအဆောင် ပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၁ရက်နေ့မှာ KNDF က ထုတ်ပြန်ခဲ့ပါတယ်။

spot_img

Recent posts