spot_imgspot_imgspot_imgspot_img
Monday, June 23, 2025
spot_imgspot_imgspot_imgspot_img

မျက်နှာချင်းဆိုင် ဆိုင်ကယ်တိုက်မိရာမှ လူတစ်ဦးသေ နှစ်ဦးဒဏ်ရာရ

Author

Date

Category

မူအက်စတာ

ဇန်နဝါရီလ ၂၈ရက်နေ့ ညနေ ၅းဝဝ ချိန်တွင် ဒီး​မော့ဆိုမြို့နယ်​၊ ဟန်​​သောခို​ကျေးရွာတွင်​ ဆိုင်​ကယ်​မျက်​နှာချင်​းဆိုင်​တိုက်​မိကာ လူတစ်​ဦး​သေပြီး နှစ်​ဦးဒဏ်​ရာရခဲ့​ကြောင်​း သိရသည်​။

ဖြစ်​စဉ်​မှာ ဒီးမော့ဆိုမှ မိုးဗြဲဘက်သို့ ဦးယုတမောင်းနှင်လာပြီး နောက်မှ မောင်ဝိလပါ လိုက်ပါစီးနင်းလာ ဆိုင်ကယ်နှင့် မိုးဗြဲဘက်မှ ဒီးမော့ဆိုဘက်သို့ မောင်းနှင်လာသည့် ဦးနသားလယ်ဆိုင်ကယ်တို့သည် ဟန်သောခိုကျေးရွာအဝင်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။

မျက်နှာချင်းဆိုင်တိုက်မိသဖြင့် နောက်မှလိုက်ပါလာသူ မောင်ဝိလပါ(ဘ)ဦးယုတမှာ ဝဲလက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာ၊ ညာပေါင်နာကျင်ဒဏ်ရာ ရရှိပြီး၊ ဦးယုတ(ဘ)ဦးမောင်ငယ် အိုကေကျေးရွာနေသူမှာ နဖူးပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်ပုခုံးနာကျင်ဒဏ်ရာ ရရှိပြီး နန်းမယ်ခုံဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျှက်ရှိကြသည်။

ဦးနသားလယ်(ဘ)ဦးလပီး၊ ကျွန်းတောကျေးရွာနေသူမှာ ဝဲနားထင်ပေါက်ပြဲဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

သို့ဖြစ်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဦးယုတအား ဒီးမော့ဆိုမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။

spot_img
spot_img

Recent posts