spot_imgspot_imgspot_imgspot_img
Saturday, July 26, 2025
spot_imgspot_imgspot_imgspot_img

မြန်မာနိုင်ငံမှာ မုတ်သုံကာလဖြစ်တဲ့ လက်ရှိအချိန်ကနေ အောက်တိုဘာလ အထိ မိုးရွာသွန်းမှုတွေကြောင့် မုန်တိုင်းဝင်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိထားစရာများ NUG အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံမှာ မုတ်သုံကာလဖြစ်တဲ့ လက်ရှိအချိန်ကနေ အောက်တိုဘာလ အထိ မိုးရွာသွန်းမှုတွေကြောင့်မုန်တိုင်းတွေ ဝင်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်တဲ့အရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အသိပေးထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မုတ်သုံကာလဖြစ်တဲ့ ဇွန်လကနေ အောက်တိုဘာလအတွင်းမှာ အနောက်တောင်မုတ်သုံလေအားကောင်းပြီး မိုးအဆက်မပြတ် ရွာသွန်းကာ မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းအရှိန်ကြောင့် နှစ်စဉ်မြစ်ရေကြီးတာ ဖြစ်ပွားလေ့ရှိပါတယ်။

မိုးရာသီကာလအတွင်း ရေဘေးအန္တာရာယ်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်သင့်တဲ့ ရေကြီးနေချိန်အတွင်း လျှပ်စစ်ပစ္စည်းတွေ အသုံးမပြုဖို့၊ မိုးလေဝသ သတင်းတွေကို ကြည့်ရှုနားထောင်ပြီး အကြံပြုချက်တွေလိုက်နာဖို့၊ ကမ်းပါးပြိုတတ်တာကြောင့် မြစ်ချောင်း ၊ကမ်းပါးအနီးသွားလာမှုတွေ ရှောင်ကြဥ်ဖို့ နဲ့ ရေထဲရေကူးတာ လမ်းလျှောက်တာအပြင် တိရိစ္ဆာန်တွေကို ချည်နှောင်ထားမှုတွေ မလုပ်ဖို့ စတဲ့ ဆောင်ရွက်ချက်တွေကို ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ NUG က အသိပေးထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် မိုးကြောင့် မြစ်ရေကြီးခြင်းနဲ့ အတူ မြေပြို ကမ်းပြိုတာ၊ လျှပ်တပြက်ရေကြီးတာ၊ ဆည်ကျိုးပေါက်တာတွေ ဖြစ်ပေါ်တတ်တာကြောင့် ပြည်သူတွေ သတိထားဖို့ လိုအပ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မိုးရွာသွန်းမှုတွေကြောင့် မြစ်ရေ မြင့်တက်လာမှုအခြေအနေနဲ့ ပတ်သက်ပြီး မြစ်ရေမတက်ခင် ကြိုတင်ပြင်ဆင်မှုနဲ့ မြစ်ရေတက်နေချိန် သတိပြုဆောင်ရွက်ရန်လိုအပ်ချက်တွေကိုလည်း NUG က အသိပေးထားပါသေးတယ်။

အလားတူ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့အတွင်းမှာလည်း ကရင်နီပြည်အပါအဝင်
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း-အရှေ့၊ နေပြည်တော်၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ ကချင်ပြည်နယ်တွေမှာလည်း ၂၄ နာရီအတွင်း မိုးရေချိန် ၄ လက်မအထိ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာမှာဖော်ပြထားချက်အရ သိရပါတယ်။

spot_img

Recent posts