ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ ဇူလှိုင်လ (၁၇) ရက်နေ့မှာ ကရင်နီပြည် ၊ လွိုင်ကော်မြို့အခြေစိုက် အမှတ် (၃၅၆) တပ်ရင်းမှ စစ်ကောင်စီ တပ်သားတစ်ဦးဖြစ်တဲ့ စေချစ် (ခ) ချစ်စမ်းမောင် ဟာ လက်နက် ခဲယမ်းနဲ့တကွ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-14 ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ ဒီကနေ့ ဇူလှိုင်လ (၂၁) ရက်နေ့ မှာ KNDF B-14 က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တပ်သား စောချစ် (ခ) ချစ်စမ်းမောင်ဟာ အထက်အရာရှိတွေ တပ်ဖွဲ့ဝင်တွေအချင်းအချင်း ညှင်းပန်းနှိပ်စက်တာတွေ ရှိနေတဲ့အပြင် ပြည်သူလူထုများကိုလည်း ဖမ်းဆီး သတ်ဖြတ်ခြင်း စတဲ့ လုပ်ရပ်တွေ များစွာရှိနေတာကြောင့် အခုလို ဘက်ပြောင်းခိုလှုံလာရခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တပ်သား စောချစ် (ခ) ချစ်စမ်းမောင် ဟာ သူနဲ့အတူ AK-47 တစ်လက်၊ ကျည်ဘောက် (၂) ဘောက်၊ ကျည်ဆံ (၁၇၂) တောင့်၊ လက်ပစ်ဗုံး (၅) လုံးနှင့် ဖုန်း ( ၁ )လုံးတို့ကို ယူဆောင်လာပြီး KNDF B-14 ထံ ဘက်ပြောင်းခိုလှုံလာတာကြောင့် ထိုက်သင့်သော ဆုငွေများကို ချီးမြင့်ပြီး လုံခြုံစွာ စောင့်ရှောက်မှုတွေ ပေးထားတယ်လို့လည်း ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-14 ဟာ စစ်အာဏာရှင် စနစ်ကို အမျှစ်ပြတ် ခြေမှုန်းနိုင်သည်အထိ တိုက်ပွဲ ဝင်သွားမှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်သားများလည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်အကျိုးရှိစေသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူလူထု နှင့် အတူပူးပေါင်းပြီး ဘက်ပြောင်းလာစေလိုကြောင်း တိုက်တွန်းထားပါတယ်။