spot_imgspot_imgspot_imgspot_img
Saturday, August 2, 2025
spot_imgspot_imgspot_imgspot_img

အရပ်သားတွေကို တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာတာက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ နည်းဗျူဟာတစ်ခုဖြစ်တယ်လို့ KNDF ပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေက လာမဲ့ရွေးကောက်ပွဲအတွက် စစ်ကောင်စီရဲ့ နည်းဗျူဟာတစ်ခုဖြစ်တယ်လို့ KNDF က ပြောပါတယ်။

စစ်ကောင်စီက ပြည်တွင်းနယ်မြေစိုးမိုးမှုများလေလေ ရွေးကောက်ပွဲ လုပ်ဖို့အခွင့်သာလေလို့ ယူဆထားကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“အဲဒါလုပ်တာကို ကြည့်ချင်းအားဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ပြည်သူတွေ နေလို့မရအောင်ပေါ့နေပာ်။ ပြည်သူတွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့လို နေရာမျိုးကို ပြန်ပြီးတော့မှ ရောက်လာအောင် အခြားသောဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်တယ်ပေါ့နော်။ အဲဒါမှပဲ လွိုင်ကော်မြို့ပေါ်မှာ လူများလာမှ ရွေးကောက်ပွဲကို လုပ်လို့ရမယ် ဆိုတာမျိုးကို စဥ်စားတွက်ချက်ပုံရတယ်။ စစ်ကောင်စီရဲ့ ဗျူဟာကတော့ အဲလိုနည်းနဲ့သွားတယ်ပေါ့” လို့တာအယ်စိုးက ပြောပါတယ်။

လက်ရှိမှာတော့ ပင်လောင်းကနေ မိုးဗြဲမြို့ကိုဖြတ်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက မိုးဗြဲမြို့ကို ပြန်လည်စိုးမိုးထားနိုင်ပြီး ကရင်နီပြည် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆို မြို့အစပ်ဖြစ်တဲ့ ဘုရားနီကျေးရွာကို ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှုအတွက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်လုပ်ဆောင်လာနိုင်တယ်လို့လည်း တာအယ်စိုးက သုံးသပ်ထားပါတယ်။

“ပြည်သူတွေအနေနဲ့ကတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ညွှန်းကြားချက်ကို လိုက်နာဖို့လိုတယ်။ လုံခြုံရေးသတိရှိကြဖို့လိုပါတယ်။ စစ်ကောင်စီကတော့ လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြီး ပြုလုပ်လာနိုင်တယ်။ စစ်ကြောင်းထိုးတဲ့ လမ်‌ကြောင်းမှာရှိတဲ့ ကျေးရွာမှာနေထိုင်ကြတဲ့ ပြည်သူတွေကလည်း လုံခြုံတဲ့နေရာကို ပြောင်းရွေ့နေထိုင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်” လို့ တာအယ်စိုးက ဆက်ပြောပါတယ်။

ဘုရားနီကျေးရွာနဲ့ အနီဆုံးမှာရှိတဲ့ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့က ထောင်နဲ့ချီတဲ့ ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပေမဲ့ ကျန်ရှိနေသူအချို့လည်းရှိနေဆဲလို့ နန်းမယ်ခုံဒေသခံတွေက ပြောပါတယ်။

ရွေးကောက်ပွဲကို လာမဲ့ ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တို့မှာ လေးပိုင်းခွဲ ကျင်းပသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာထားခဲ့ပါတယ်။

spot_img

Recent posts