မင်္ဂလာပါရှင့်။ ဩဂုတ်လ ၁၉ ရက်နေ့အတွက် ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ညနေခင်းသတင်းကို ပြန်လည်တင်ဆက်ပေးသွားပါမယ်။
ဒီနေ့မှာတော့
00:00 – အဖွင့်
00:56 – ဩဂုတ်လ ၁၇ ရက် မော်ချီး ဗုံးကြဲမှုအတွင်း သေဆုံးသူ ၃၂ ဦး ရှိပြီး ဒီနေ့မနက်မှာလည်း ထပ်မံလေကြောင်းဗုံးကြဲခံခဲ့ရတဲ့အကြောင်း၊
02:15 – ဘီလူးချောင်းအရှေ့ဖက်ကမ်းမှာရှိတဲ့ ပြည်သူတွေ ၃ ရက်အတွင်း အန္တရာယ်ကင်းမယ့်နေရာကို အပြီးရွှေ့ပြောင်းကြဖို့ KNDF တပ်ရင်းတွေ အသိပေးလိုက်တဲ့ အကြောင်း၊
03:28 – ဆီဆိုင်မြို့နယ်အတွင်းက လူထုနေအိမ်တွေကို စစ်ကော်မရှင် နဲ့ PNOတပ်တို့ မီးရှို့တာကြောင့် ၁၀ ရက်ဝန်းကျင်အတွင်း နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တဲ့သတင်း၊
04:40 – ဖယ်ခုံမြို့တွင်း ပြန်လာနေထိုင်ဖို့ လူထုတွေကို စစ်ကော်မရှင်က ဖိတ်ခေါ်နေပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုလိုက်တဲ့သတင်းတွေကို တင်ဆက်ပေးသွားပါမယ်။
05:55 – အပိတ်
ကန္တာရဝတီတိုင်း (မ်) ရဲ့ ရုပ်သံသတင်းကို တင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး ဘေးအန္တာရာယ်အပေါင်းက ကင်းဝေးကြပါစေရှင့်။ ကျမမော်ညားမာပါ။