spot_imgspot_imgspot_imgspot_img
Friday, August 29, 2025
spot_imgspot_imgspot_imgspot_img

၇ လ အတွင်း ကိန္နရာဆေးရုံမှ ကူးစက်ရောဂါဖြစ်ပွားတဲ့လူနာကို အများဆုံးကုသပေးခဲ့ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ ဆေးကုသမှု ခံယူနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ကိန္နရာဆေးရုံ (ခေါ် ) ပြည်သူ့ဆေးရုံ မှ ကူးစက်ရောဂါဖြစ်ပွားတဲ့လူနာတွေကို အများဆုံး ကုသပေးခဲ့တယ်လို့ ကိန္နရာ ဆေးရုံရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကုသပေးခဲ့တဲ့ လူနာတွေထဲမှာတော့ အများဆုံးက စစ်ရှောင်တွေဖြစ်တဲ့အတွက် ကူးစက်ရောဂါ နဲ့ တကိုယ်ရေ သန့်ရှင်းမှု အားနည်းကြတာ၊ ရေမသန့်တာကြောင့် ဖြစ်ပွားတတ်တဲ့ အရေပြား ရောဂါ ၊ အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့ ရောဂါတွေများပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဆေးရုံ တည်ရှိလည်ပတ်တာ ၇ လ ရှိနေပြီး ရဲဘော်လူနာ ၅၆၄ ဦး၊ အရေးပေါ်လူနာ ၄၂၈ ဦး၊ မွေးလူနာ ၄၃ ဦး၊ ဆေးတပ်သားသစ် ၃၀ ဦး၊ ပြည်သူလူနာ ၃၄၅၄ ဦး စုစုပေါင်း လူနာ ၄၀၀၀ ကျော်ကို ကုသမှု ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံကို လာရောက်ပြသတဲ့ လူနာအများစုဟာ စစ်ရှောင်တွေဖြစ်ကြပြီး စားဝတ်နေရေး ခက်ခဲသူတွေ၊ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေကို အခမဲ့ ကုသမှုဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဆေးဝါးဝယ်ယူမှုအပိုင်းမှာ ဈေးနှုန်း အဆမတန် မြှင့်တက်နေတဲ့အတွက် လာရောက်ပြသတဲ့လူနာထံကနေ ကုန်ကျတဲ့ဆေးဝါးတန်ဖိုးရဲ့တစ်ဝက်ကို ပြန်လည်ကောက်ခံသွားမယ်လို့ သိရပါတယ်။

spot_img

Recent posts