spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

1008 – SSRY တပ်ရင်းမှ တပ်သားသစ် ၅၀ ဦးကို ခေါ်ယူနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၃) စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် 1008 – Southern Shan Revolution Youth(SSRY) -Eagle Force တပ်ခွဲ (၁) မှ တပ်သားသစ် ရဲဘော်၊ ရဲမေ ၅၀ဦး ကို ခေါ်ယူနေတယ်လို့ SSRY ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ 1008 SSRY – Eagle Force တပ်ခွဲ (၁) ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က တပ်သားသစ်တွေကို စတင်ခေါ်ယူနေတာဖြစ်ပြီး ၂၅ ရက်နေ့ အထိ ခေါ်ယူသွားမှာဖြစ်တယ်လို့ SSRY တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တပ်သားသစ် ၅၀ လောက် ခေါ်တာပေါ့နော် ၉ ရက်ကနေ့ ၂၅ရက်အထိ ခေါ်တယ်။ ခံစားခွင်တော့ မရဘူးပေါ့နော် ရဲဘော်က ရဲဘော်လိုနေရမယ် စစ်သားတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေ နဲ့ MOD နဲ့ NUG ရဲ့ ပြဌာန်းထားတဲ့ ခံစားခွင့်အတိုင်းပဲ ခံစားခွင့်ရှိတယ်” လို့ သူက ပြောပါတယ် ။

အသက် ၁၈နှစ်ပြည့်ပြီး တော်လှန်ရေးကို စိတ်ပါဝင်စားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံက ကျန်းမာရေးကောင်းမွန်တဲ့ လူငယ်တွေအားလုံး လာရောက်ဆက်သွယ် ပူးပေါင်းပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌SSRY တပ်ရင်းဟာ ရှမ်းတောင် နဲ့ ကရင်နီပြည်က တိုက်ပွဲတွေမှာ တခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts