တာဝန်ချိန်တွင် တာဝန် မထမ်းဆောင်သော ဝန်ထမ်းများအား ထိရောက်စွာ အရေးယူနိုင်ရန် အစိုးရအဖွဲ့အား တိုက်တွန်းမည်

ဦးမြာ တာဝန်ချိန်တွင် တာဝန်မထမ်းဆောင်သော ဝန်ထမ်းများအား ထိရောက်စွာ အရေးယူနိုင်ရန် အစိုးရအဖွဲ့အား တိုက်တွန်းသွားမည်ဖြစ်ကြောင်း မယ်စဲ့မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဦးက ပြောသည်။ ″ အခုချိန်မှာက ဒီဆရာမက ဒီမှာ တာဝန်ကျပြီးတော့မှ မနေဘူး တာဝန်အရ ဆိုရင်တော့ သူ့ဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ ဒီမြို့နယ်မှာ တာဝန်ကျတယ်ဆိုရင် သူက နှစ်နှစ်သော်လည်းကောင်း သုံးနှစ်သော်လည်းကောင်း တာဝန်ထမ်းဆောင်ရမယ်လေ ပြီးမှ သူ့နေရာ အစားထိုးလာရမှာပေါ့ ဒီလိုမနေတဲ့ ဆရာမကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ် ကျတော်တို့ အစိုးရအဖွဲ့ကို တိုက်တွန်းမယ် ″ ဟု ပြောသည်။ ကျေးလက်ဒေသတွင် တာဝန်ကျသော ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ အလုံအလောက် ချပေးနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ […]

လာမည့်နှစ် ကြယ်ဖိုးကြီးစာပေ သင်ရိုးညွန်းတမ်းကို ထုတ်ဝေ သင်ကြားသွားနိုင်ရန် ပြည်နယ် အစိုရထံ သဘောထား မှတ်ချက် တောင်းခံ

ကန္တာရဝတီတိုင်း(မ်) လာမည့်ပညာသင်နှစ်တွင် ကြယ်ဖိုးကြီးဗျည်းအက္ခရာ သင်ရိုးညွန်းတမ်းကို ရေးသားထုတ်ဝေသင်ကြားသွားနိုင် ရန်အတွက် ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီ က ပြည်နယ်အစိုးရထံ သဘောထားမှတ်ချက်တောင်းခံထားကြောင်းသိရသည်။ “အဲဒါကို လာမည့်ပညာသင်နှစ်မှာ ပုံနိုပ်ထုတ်ဝေတော့မယ်။ ငါတို့မဟုတ်ဘူး ဒီအခြေခံပညာ ကနေ (အစိုးရ) ပုံနိုပ်ထုတ်ဝေတော့မယ်။ ပုံနိုပ်ထုတ်ဝေတော့မယ်ဆိုတော့ သူတို့က အချက်အလက်တောင်းတယ်။ သူတို့ကဘာပြောလဲဆို ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်ကို တခါထဲတောင်းပေးပေါ့နော။” ဟု ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဆရာမိုးဇက်ညန့်ရယ်ကပြောသည်။ လက်ရှိမှာ တိုင်းရင်းသားစာပေတွေကို အစိုးရကျောင်းချိန်ပြင်ပ အချိန်များတွင်သာသင်ကြားခွင့်ရနေပြီး ထိရောက်မှုသိပ်မရှိကြောင်း ၎င်းကဆက်ပြောသည်။ “ထိရောက်မှုမရှိဘူးဆိုပေမဲ့လည်း အခွင့်အရေးပေးတာလောက်ဆိုရင်လည်းမဆိုးဘူး” . ဟု ဆရာ မိုးဇက်ညွန့်ရယ်ကဆက်ပြောသည်။ တိုင်းရင်းသားစာပေကိစ္စနှင့်ပတ်သက်ပြီး တရားဝင်အတည်ပြုပေးနိုင်ရန် အစိုးရသို့ တင်ပြနိုင်သည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကန္တာရဝတိုင်း(မ်) သတင်းထောက်သို့ ပြောဆိုထားပါသည်။ ကြယ်ဖိုးကြီးစာပေ […]