ခရီးတစ်ထောင့်အနားယူပါ အမဲစက်တော့ မချန်ခဲ့ပါနဲ့ 

စူးမယ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က တောင်ပေါ်တိုင်းရင်းသူနဲ့ ဒုက္ခသည် မိန်းကလေးတွေကို ပြည့်တန်ဆာပြုလုပ်ခိုင်းနေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်း ဧပြီလအတွင်း ထွက်ပေါ်ပြီးနောက်မှာတော့ ကရင်နီ အမှတ် ၁ စခန်း ဒုက္ခသည်မှာ အဝင်အထွက် ပိတ်ဆို့မှုကို တစ်လနီးပါး ပြုလုပ်ခဲ့ပါတယ်။ တစ်လနီးပါး လမ်းပိတ်ဆို့မှုရဲ့ အကြောင်းပြချက်က ကရင်နီဒုက္ခသည်စခန်းရှိ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်များ လူကုန်ကူးခံနေရတယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် ဖြစ်ပါတယ်။ ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းမှာ နေထိုင်နေတဲ့ လူဦးရေ တစ်သောင်း တစ်ထောင်ကျော်ထဲက တစ်ဝက်ခန့်ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်ပါတယ်။ စခန်းအတွင်းကနေထိုင်သူ စခန်းအပြင်ကို မထွက်ဖို့နဲ့ အပြင်ကလူ စခန်းအတွင်းကို ဝင်မလာစေဖို့ အဝင်အထွက် လုံခြုံရေးကို […]

NGOs ကြောင့် ဖွံ့ဖြိုးမှုအသိပညာတိုးလာ၊ အကျင့်ပျက်စေသော ကိစ္စရပ်များလည်းရှိလာဟုဆို

မူအက်စတာ ပြည်နယ်အတွင်း NGOs/INGOs များ ဝင်ရောက်လာမှုကြောင့် ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့်အတူ အကျင့်ပျက်စေသော အမူအကျင့်များလည်း မြင်တွေ့လာရကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ကေအဲန်ပီပီ ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး နောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်တွင် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အများအပြားဝင်ရောက်လာကာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း ဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ၎င်းတို့မှ ဦးတည်လုပ်ဆောင်နေသော ကဏ္ဍအသီးသီးတွင် တိုးတက်မှုများရရှိလာသည့်နည်းတူ ဘေးထွက်ဆိုးကျိုးများကိုလည်း သတိထားရမည်ဟု ကယားလူမျိုးစုဒီမိုကရေစီပါတီ၏ အတွင်းရေးမှူး ဦးစိုင်းနိုင်နိုင်ထွေးက ယခုလိုပြောသည်။ “ကောင်းကျိုးကတော့ လူတွေအတွေးအခေါ်တစ်ခုရလာမယ်လို့ ထင်ပါတယ်။ လူမှုပတ်ဝန်းကျင်ဆိုတာ ဘယ်လိုလဲဆိုတာတွေ သူတို့သိလာမယ်။ ဆိုးကျိုးကတော့ လက်ဖြန့်တောင်းလာမယ်ပေါ့။ ပြည်နယ်မှာ […]

ဖရူဆိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အစီအစဉ်ပြုလုပ်

ဦးမြာ ဖရူဆိုမြို့နယ်အတွင်း သွေလွန်တုပ်ကွေး ရောဂါတိုက်ဖျက်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာမှ ဦးဆောင်ပြီး လူနေရပ်ကွက်နှင့် စာသင်ကျောင်းများတွင် ခြင်ကာကွယ်ဆေးဖြန်းခြင်းများကို လိုက်လံ ဆောင်ရွက်နေကြောင်း သိရသည်။ ဖရူဆိုမြို့နယ်တွင် ယခုနှစ် မိုးဦးကာလအတွင်း လူတစ်ဦး၌ သွေးလွန်တုပ်ကွေးလက္ခဏာတွေ့ရှိရပြီးနောက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ပြောသည်။ “ဆရာတို့ ထီးတရဲရပ်ကွက်က လူနာတစ်ယောက်ကဆေးရုံလာတက်တော့ပေါ့နော။ အသက် ၃၂ အမျိုးသမီး လာတက်တော့ လက္ခဏာကသွေးလွန်တုပ်ကွေးလက္ခဏာရှိတယ်။ ဓာတ်ခွဲစစ်ဆေးလိုက်တဲ့ အဖြေကြီးကသွေးလွန်တုပ်ကွေးဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင်းမို့လို့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးနှိမ်နင်းလုပ်ငန်းဆိုပြီးတော့မှ ထီးတရဲရပ်ကွယ်မှာသွားပြီးတော့ ဆောင်ရွက်တယ်ပေါ့။”ဟု ဒေါက်တာကောင်းမြတ်က ပြောသည်။ ခြင်းကာကွယ်ရေးဖြန်းဆေးများကို ဖရူဆိုမြို့ပေါ်ရပ်ကွက်များတွင် အဓိကထား လုပ်ဆောင်နေပြီး ကျောင်းသူ/သားများ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် စာသင်ခန်းကျောင်းများတွင်လည်း ခြင်ဆေးဖြန်းခြင်းအစီအစဉ်များကို […]

ဖရူဆိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ် နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းချက်

ကညားမော် “ဆေးခန်းပြရကောင်းမှန်းမသိဘူးဆိုတော့ ဟုတ်တယ်။ ။သူတို့မသိတဲ့အတွက် မသွားတာ။ ဒီဆေးရုံဆေးခန်းကို အားကိုးရမယ်ဆိုတာ လူထုတွေက နည်းနည်း Familiar မဖြစ်သေးဘူး။”လို့ ဆိုတဲ့ ဖရူဆိုမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ် နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းချက်အချို့ထဲက ပြန်လည်ကောက်နုတ် ဖေါ်ပြပေးလိုက်ပါတယ်။ မေး ။ ။ ဖရူဆိုမြို့နယ် ကျန်းမာရေးဌာနရဲ့ အခုတလော လှုပ်ရှားမှုတွေကို ပြောပြပေးပါ။ ဖြေ ။ ။ ဆေးဖျန်းတယ် တစ်ခုတည်းတော့မဟုတ်ဘူး။ ဆရာတို့ ထီးတရဲရပ်ကွက်က လူနာတစ်ယောက်ကဆေးရုံလာတက်တော့ပေါ့နော။ အသက်(၃၂) အမျိုးသမီး လာတက်တော့ လက္ခဏာကသွေးလွန်တုပ်ကွေးလက္ခဏာရှိတယ်။ ဓာတ်ခွဲစစ်ဆေးလိုက်တဲ့ အဖြေကြီးကသွေးလွန်တုပ်ကွေးဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင်းမို့လို့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးနှိမ်နင်းလုပ်ငန်းဆိုပြီးတော့မှ ထီးတရဲရပ်ကွယ်မှာသွားပြီးတော့ ဆောင်ရွက်တယ်ပေါ့။  မေး။ ။ သွေးလွန်တုပ်ကွေးလူနာဆေးရုံတက်တယ်လို့ […]