ကန္တာရဝတီတိုင်း(မ်) နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်က လူငယ်တွေ ငါးကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk)ကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။   ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့သူတွေ အချိန်အကန့်အသတ်နဲ့ ဆွေးနွေးခဲ့တဲ့စနစ်ကြောင့် ပြောခွင့်မရလိုက်တဲ့ စကားတချို့ကို စကားဝိုင်းအပြီးမှာ ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။ ဖရားရယ်ရီးလို   အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအကြောင်းကို နံပါတ် ၁ ကျနော်ပြောချင်တယ်ပေါ့။ အဲ့ဒါ ကျနော်လည်း ထိရောက်တယ်လို့ ကျနော်ထင်တာပဲ ကျနော်ပြောခဲ့တဲ့ဟာကို။ ဒီဆွေးနွေးပွဲမှာ ကျနော်တို့ ပုဂ္ဂိုလ်ရေးအရဆိုရင် အားရကြေနပ်မှု မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်ပြောချင်တဲ့ တခြားအကြောင်းအရာတွေ ရှိသေးတယ်။ ကျနော်တို့ ထင်ထားတာက အပြန်အလှန်ဆွေးနွေးမယ်လို့ ထင်ထားတာပေါ့နော။ တစ်ကယ့်လက်တွေ့မှာ တစ်ရောက်တည်းလှည့်ပြီးတော့ ပြီးသွားတာဆိုတော့ […]

ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) ရေးသားသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ခရီးစဉ်ကို ကယား(ကရင်နီ)ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – ကယားပြည်နယ် (National League for Democracy –NLD) ပါတီဝင်များနဲ့ အစိုးရအဖွဲ့က ယခု စကားဝိုင်းကျင်းပနိုင်ရေးအတွက် ဆွေးနွေးမယ့် ကိုယ်စားလှယ် လူအင်အားစုဆောင်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ပထမအပတ်ကတည်းကပင် စတင်ပြီ ပြုလုပ်ခဲ့ကြတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ယခု ခရီးစဉ်ဟာ လျှိုဝှက်ပြီးစီစဉ်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို ယူဆလို့ရတဲ့အချက်တွေရှိနေပါတယ်။ ဒီအခြေခံစဉ်းစားချက်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အတွက် အချိန်နီးကပ်မှ ထုတ်ပြန်တဲ့ အပေါ်မှာမူတည်ပြီး သုံးသပ်တဲ့ အခြေခံအချက်ပါ။  တဖက်မှာလဲ လျှိဝှက်တဲ့ ခရီးစဉ်တစ်ခုအတွက် သတင်းပေါက်ကြားမှုတွေလဲ ရှိကောင်းရှိနိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရဲ့ […]