ကန္တာရဝတီတိုင်း(မ်) ပြည်နယ်အစိုးရအနေဖြင့် ရင်းနှီးမြှပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့အချိန်မှာဒေသထွက်ကုန်တွေထဲက စိုက်ခင်း သီးနှံတွေအတွက်လည်း ထည့်သွင်းစဉ်းစားပေးပြီး ဖိတ်ခေါ်ပေးသင့်တယ်လို့ ပြောင်းစိုက်တောင်သူအသင်း မှ ဦးမြင့်မောင်က ပြောဆိုလိုက်ပါတယ်။ ကန္တာရဝတီတိုင်း(မ်)မှ ဧပြီလအတွင်း လိုပူ ၊ ပန်ပက်နှင့် လွီးကထိကျေးရွာအုပ်စုဒေသဘက်သွားပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာ စကားဝိုင်းပြုလုပ်ရာမှာ ဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။ အဲဒီဒေသဘက်ဟာဆိုရင် အရင်က အဓိက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတဲ့ ဒေသဖြစ်ပါတယ်။ အခုဆိုရင် တခြား ဝင်ငွေရတိုးဖို့ ပဲလိပ်ပြာ ၊ ဂျင်း နှင့် ဂျူးမြစ်တို့ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီသီးနှံတွေက အာမခံတဲ့ ဈေးကွက်ချိတ်ဆက်မှု မရှိတဲ့အတွက် စိုက်ပျိုးနေကြတယ်ဆို ပေမယ်လို့ စီးပွားဖြစ် မလုပ်နိုင်ကြဘူးဖြစ်နေကြပါတယ်။ လွီးကထိကျေးရွာမှ ဒေသခံ […]

ကန္တာရဝတီတိုင်း(မ်) ဒေသခံတောင်သူလယ်သမားများအနေဖြင့် စိတ်ချရသည့် စပါးမျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးလိုသည့်အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများအနေဖြင့် ကျေးရွာများသို့ ကွင်းဆင်းပြီး အသိပညာပေးတာတွေ ပြုလုပ်ပေးစေလိုတယ်လို့ ဒေသခံတောင်သူတွေက တောင်းဆိုထားကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ဒေါတော်ကူးကျေးရွာအုပ်စု ၊ ဆောင်ဒူရွာသစ်အုပ်စု နဲ့ ဒေါဘူးကူးအုပ်စု အတွင်းမှာ ရှိတဲ့ ဒေသခံ တောင်သူလယ်သမားတွေနဲ့ ကန္တာရဝတီတိုင်း(မ်) မှပြုလုပ်တဲ့ အသက်မွေးဝမ်းကြောင်းစကားဝိုင်းမှာ ပြောဆိုသွားကြတာဖြစ်ပါတယ်။ ဒေသခံ တောင်သူတစ်ဦး “ကျနော်တို့ တောင်သူတွေက မျိုးစေ့ ဘယ်လောက်အဆင့်မှာသုံးနေလဲဆိုတာကလည်း မသိဘူး။ မျိုးကောင်း မျိုးသန့်ပြောတော့ တောင်သူက အများဖြစ်ဝယ်လိုက်ပါတယ်။ ဒါပေမယ့်ထွက်လာခါကျတော့ အနှံကတိုရော ၊ မျိုးကောင်းမျိုးသန့်ပေါ့ မြက်သီးတွေလည်း တအားများတယ် နောက်ပြီးတော့ နည်းပညာအပိုင်းမှာလည်း အားနည်းတယ်ပေါ့။”လို့ […]

နော်ဒွေးအယ်ခူ မြန်မာ့နှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွိုင်ကော်မြို့ရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသူ အကျဉ်းသူ၊ အကျဉ်းသား ၆၃ ဦး ရှိကြောင်း လွိုင်ကော်အကျဉ်းဦးစီးဌာနမှ သိရသည်။ လွတ်မြောက်လာသူများတွင် အမျိုးသားစုစုပေါင်း(၅၇)ဦးနှင့် အမျိုးသမီး (၆) ဦး ပါဝင်သည်။ လွိုင်ကော်အကျဉ်းထောင်မှ လွတ်မြောက်ကြသူများတွင် တပ်မတော်အက်ဥပဒေဖြင့် အကျဉ်းကျနေသူ အများဆုံးဖြစ်ပြီး ၃၄ ဦး ရှိသည်။ ထို့အပြင် မူးယစ်ပုဒ်မ ၁၅ နှင့် မူးယစ်ပုဒ်မ ၁၆၊ မူးယစ်ပုဒ်မ ၁၅/၁၆ ဖြင့် အကျဉ်းကျနေသူ ၃၃ ဦးနှင့် ရဲစည်းကမ်းအက်ဖြင့် အကျဉ်းကျနေသူ ၁ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။

ဧပြီလ ၁၅ရက်နေ့ဟာ ကယောအမျိုးသားနေ့ဖြစ်ပါတယ်။ ကယောအမျိုးသားနေ့ စတင်ဖြစ်ပေါ်လာတာဟာ ၁၉၆၈ ခုနှစ်မှာ စစ်အစိုးရမှ ပရဲနာမည်နာမကို ကယောလို့ပြောင်းလဲခေါ်ဆိုလိုက်တဲ့ ရက်ကနေစပြီး အမျိုးသားနေ့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ https://www.youtube.com/watch?v=DbThcPvwPp4&feature=youtu.be

စိုက်ပျိုးရေးတစ်ခုတည်းနဲ့ မှီခိုလုပ်ကိုင်စားသောက်နေကြ တဲ့ တောင်သူတွေဟာ သီးနှံဈေးကွက်မရှိတဲ့အတွက် အဲ့ဒီပြသနာဟာ သူတို့အတွက် အဓိကပြသနာဖြစ်နေပါတယ်။ https://www.youtube.com/watch?v=DwgclnmgHW0&feature=youtu.be

ဇီဝိတဒါနငါးလွှတ်ပွဲတွင် ရွှေဝါငါးကြင်း (၇၅၀၀၀)ကောင်၊ မြက်စားငါးကြင်း (၁၅၀၀၀)ကောင်၊ ငါးမျှစ်ချင်း (၁၅၀၀၀)ကောင်၊ ငါးခုံးမကြီး (၁၅၀၀၀)ကောင် စုစုပေါင်း ၁၂၀၀၀ဝ ကောင်ကို ငွေတောင်ဆည်တွင်းကို လွှတ်ခဲ့ပါတယ် https://www.youtube.com/watch?v=wLRcb_S9-7g&feature=youtu.be