မွေတော်ဓာတ်စစ်ဘုရားပွဲခေါ် မိုးဗြဲပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပ

မူဂျာမီလှိုင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲတွင် နှစ်စဉ် ဖေဖော်ဝါရီလအတွင်း ကျင်းပလျှက်ရှိသည့် လူသိများသည့်မိုးဗြဲပွဲခေါ် မွေတော်ဓာတ်စစ်ဘုရားပွဲသည် ယခုနှစ်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသောကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများနှင့် စည်ကားလျှက်ရှိကြောင်း သိရသည်။ ” ဒီပွဲကို စော်ဘွားခေတ်ကတည်းကကျင်းပခဲ့တာ ကျွန်တော်တို့ ၈၈ အရေးခင်းတုန်းကဆို ဘယ်ပွဲမှမဖြစ်မြောက်ခဲ့တာတောင်မှ ဒီမိုးဗြဲပွဲက အစဉ်အလာမပျက်ကျင်းပနိုင်ခဲ့တာ” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ တစ်ဦးဖြစ်သည့် ဦးဘကျော်က ဆိုသည်။ ပွဲဈေးအတွင်းတွင် ပြည်သူများလိုအပ်သည့် ကျန်းမာရေး၊ လုံခြုံရေးတို့ကိုဆောင်ရွက်ပေးလျှက်ရှိသည့်အပြင် နွေရာသီမီးဘေးအန္တရယ်ကာကွယ်ရေး နိုးဆော်ချက်များကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ပေးနေကြောင်း သိရသည်။ “အဓိကတော့စားသောက်လိုင်းပေါ့။ ပြီးတော့ခေါင်ရည်ဆိုင်လိုင်းတွေပေါ့။ မီးဘေးအန္တရာယ်ကင်းအောင်ဆိုလည်း လိုအပ်တဲ့အတိုင်းအတာနဲ့ဘဲ မီးတွေကိုအသုံးပြုကြတယ်” ဟု ပွဲကျင်းပရေးကော်မတီမှ ဦးမောင်လာကဆိုသည်။ ပွဲတော်လုံခြုံရေးများလည်း နေ့ခင်းဘက်တွင် လူသွားလမ်းပေါ် ဈေးရောင်းခြင်းများ၊ ခိုက်ရန်ဖြစ်ပွားမှုများမဖြစ်ရန် […]

အမှောင်ထုထဲမှ ရုန်းထွက်ခွင့်

ရန်ကုုန်တုိုင်း မှော်ဘီမြို့နယ်ထဲက ဘွက်ကြီးကျေးရွာထဲကိုု ဝင်လာပြီးနောက် ဆယ်မိနစ်ကျော်ခန့် လမ်းလျှောက်လုိုက်မည် ဆိုုလ ျှင် ကမန်လမ်းဟုု ရေးထားသော ဆုိုင်းဘုုတ်ကိုု မြင်ရမည် ဖြစ်သည်။ အဆုိုပါ ကမန်လမ်း အတွင်းမှ လျှောက်လာလျှင် အိမ်ခြေ သုုံးဆယ်ကျော်ကျော်ခန့် ရှိသော အိမ်များကိုု မြင်တွေ့ရမည် ဖြစ်ပြီး ကမန်စုု ဟုု သူတိုု့က ခေါ်ကြသည်။ အဆုိုပါ ကမန်စုုသည် ရခုိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ်မှ ပြောင်းရွှေ့လာသည့် ကမန်တုိုင်းရင်းသား အများစုု နေထိုုင်ကြပြီး ကမန် တုိုင်းရင်းသားများသည် မြန်မာနိုင်င်ငံ၏ တုိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ပြီး အစ္စလာမ်ဘာသာ ကိုုးကွယ်သည့် လူမျိုးဖြစ်သည်။ ၂၀၁၂ခုနှစ် ရခိုင်ပဋိပက္ခဖြစ်စဉ်ကြောင့် နေအိမ်ပေါင်း ၈၆၀ဝ […]