ကရင်နီသူ ကယားပြည်နယ်မှာရှိတဲ့ အိမ်ရှင်မတချို့တွေဟာ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်က အလုပ်တွေနည်းပါးချိန်မှာ အပိုဝင်ငွေအဖြစ်၊ သဘာဝအရက်ချက်ကြပါတယ်။ ရက်သတ္တပတ်တစ်ပတ်ကို တစ်အိုး၊ နှစ်အိုးချက်ပြီး အပိုဝင်ငွေရှာကြပါတယ်။ အပိုဝင်ငွေလို့ ပြောပေမယ့်လည်း ဆန်ကွဲဖိုး၊ ထင်းဖိုး၊ လုပ်အားခနဲ့တင် အရင်းပြန်ကျေပြီး ဝက်စာတစ်ခုလောက်ပဲ ပြန်ရပါတယ်။ ဒေသခံအိမ်ရှင်မတွေက အလုပ်နဲ့လက်နဲ့ မပြတ်နိုင်ကြတဲ့သူတွေမို့ တောင်ယာ၊ လယ်ယာတွေနားချိန်၊ အလုပ်နည်းနည်းအားချိန်မှာ အရက်လေးတွေချက်ကြတာ ဖြစ်ပါတယ်။ ကယား(ကရင်နီ)ဒေသခံအမျိုးသမီးတွေရဲ့ အရက်ချက်တဲ့ပုံစံလေးတွေက အင်မတန်မှ ရိုးရှင်းပါတယ်။ ပထမအဆင့်အနေနဲ့ ဆန်ကွဲကို ထမင်းချက်သလို ချက်ရပါတယ်။ ချက်ပြီးတဲ့ဆန်ကွဲတွေကို ဖျာပေါ်မှာခူးချပြီး အအေးခံထားပါတယ်။ အေးလာတဲ့ဆန်ကွဲတွေအပေါ်ကို တဆေးမှုန့်ဖြူးပြီး တောင်း(သို့) စဥ့်အိုး(သို့) ပုံးတွေထဲကို ခူးထည့်ပြီး လုံအောင်ဖုံးထားရပါတယ် (အငွေ့မ့ပျံရပါ)။ အဲ့ဒီ တောင်း(သို့) စဥ့်အိုး(သို့) […]

ဘိုထီး ငြိမ်းချမ်းရေးဆိုတဲ့အရာဟာ လိုချင်မှရတဲ့အရာမဟုတ်ပါဘူး။ ပေးချင်မှရတဲ့ အရာဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို လိုချင်လို့ လုပ်တဲ့လုပ်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ်ပေးချင်တဲ့ လုပ်ငန်းစဉ်မဟုတ်တာကြောင့် ငြိမ်းချမ်းရေးခရီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ယာယီရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေထိရောက်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပါဝင်တဲ့ ခေါင်းဆောင်တစ်ဦးက “လက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အမှန်တကယ်အနှစ်သာရရှိတဲ့ အချက်အလက်က တော်တော်လေးကို နည်းပါးတာကျွန်တော်တို့တွေ့ရတယ်″ဟု သတင်းမီဒီယာကို ပြောသွားပါတယ်။ အမှန်တကယ်ပေးချင်တာမဟုတ်ဘဲ လိုချင်တာတစ်ခုတည်းနဲ့ ပြုလုပ်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းဟာ အနှစ်သာရရှိတဲ့ အချက်အလက်တွေ တွေ့ရမှာမဟုတ်ပါဘူး။ ပြည်သူကို အမှန်တကယ်ပေးချင်တာမဟုတ်ဘဲ ပြည်သူဆီကလိုချင်တာ တစ်ခုတည်းနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်ဆိုရင် အခြေအနေက ပိုပြီးကောင်းလာရမည့်အစား သေနတ်သံများပိုပြီး ဆူညံလာမှာသေချာပါတယ်။ ပြည်သူကို အမှန်တကယ်ပေးချင်တဲ့ […]