ကယားထဲ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးလက်ဆေးပေးခန်း ဌာနခွဲ ဆေးပေးခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေ ဆေးခန်းလာပြတဲ့သူ ကျန်းမာရေးစောင့်ရှောက်မှုလာယူနေကြတဲ့သူတွေ အကြားမှာ အခန်းအပြင်ဘက်ကစောင့်ကြည့်နေတဲ့ အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ အဖွားက ဆရာမ သူ့ကို ဘယ်အချိန် ခေါ်မလဲဆိုတဲ့ အကြည့်နဲ့ ရပ်စောင့်နေတယ်။ ဆေးခန်းထဲက ဆရာမက ကိုယ်ဝန်ဆောင်မိခင်တွေ နို့တိုက်မိခင်တွေနဲ့ အလုပ်များနေတဲ့ အချိန် အဖွားက အပြင်မှာ တစ်ယောက်တည်း ရဲ့ရှေ့ခုံတန်းလျားမှာ ထိုင်နေတယ်။ အဖွားနဲ့ အတူတူထိုင်ရင်း အဖွားဘာဖြစ်တာလဲလို့ ဘာလာလုပ်တာလဲလို့ မေးကြည့်လိုက်တယ်။ အဖွားက ” ဒီဘက်တစ်ခြမ်းအကုန်ကျဉ်နေတယ်။ သွေးတိုးအရမ်းများနေတယ်လို့ ပြောတယ်လေး။ သွားလာရင် ခေါင်းမူးမူးသွားတယ် ဘာဖြစ်မှန်းမသိဘူး၊ ခေါင်းမူးတယ်။ ခေါင်းကိုက်တယ်။”လို့ ပြောပါတယ်။ အဖွားအလှည့်မရောက်သေးတဲ့အတွက် အပြင်ခုံတန်းလျားမှာ […]

အတိတ်က ဝေဒနာတွေကိုမေ့ပြီး အေးအေးဆေးဆေး နေထိုင်ခွင့်ရဖို့ မျှော်နေတဲ့ စစ်ဘေးဒဏ်ခံခဲ့ရတဲ့သူတွေအကြောင်း

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာ နေထိုင်ကြတဲ့ ကယားလူမျိုးတွေရဲ့ အခက်အခဲ

ကျော်စိုးသူ (လွှတ်တော်)Economics Development ရေးသားသည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူကိုယ်စား ပြည်သူကရွေးကောက်တင်မြှောက်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်အဆင့်ဆင့်မှ ထပ်မံရွေးချယ်တာဝန်ပေးအပ်သော အစိုးရများမှ ပြည်သူ့ကိုယ်စားစီမံအုပ်ချုပ်ရသောစနစ်ဖြစ်ပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဌာန်းချက်အရလည်း အစိုးရသက်တမ်းမှာ ၅ နှစ်တစ်ခါသာ ဖြစ်ပေသည်။ လွှတ်တော်သက်တမ်းမှာ အစိုးရသက်တမ်းထက် ပို၍ စောပြီးဆုံးမှာ ဖြစ်ပြီး အစိုးရသက်တမ်းမှာမူ ယခင် ဘတ်ဂျက်နှစ်ကုန်ဆုံးကာလ ဖြစ်သော ဧပြီ ၁ တွင် ဖြစ်ပေသည်။ ယခုနှစ် ရွေးကောက်ပွဲသည် ပုံမှန်ထက် စော၍ ကျင်းပနိုင်သည့် အခြေအနေတွင် ရှိတာကို သုံးသပ်မိသလို လွှတ်တော်စည်းဝေးများလည်း စောလျှင်စွာ ခေါ်ယူရပေလိမ့်မည်။ သို့ရာတွင် အစိုးရအလွဲအပြောင်းကာလမှာမူ ယခင်အတိုင်း ဧပြီ ၁ […]