ကန္တာရဝတီတိုင်း(မ်) နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်နီလူငယ်အင်အားစုတို့ တွေ့ဆုံဆွေးနွေးမှုမှာ စစ်တပ်ကနေ တောင်သူတွေကို တရားစွဲထားတဲ့ကိစ္စ ဆွေးနွေးရာမှာ အားရကျေနပ်မှုမရခဲ့ပေမယ့်လည်း တစ်စုံတရာ မျှော်လင့်ချက်တော့ရရှိခဲ့တယ်လို့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ခူးတူရယ်ကပြောပါတယ်။ “တောင်သူတွေတရားစွဲခံရတာ ၄၁ ယောက်ရှိနေပြီ၊ ၁၁ ယောက်ကထောင်ထဲမှာ ၊ ပုဒ်မ ၅ ခုနဲ့ အမှုက ၇၀ ရှိနေပြီပေါ့ ဆိုတဲ့ဟာ ကျနော်တို့တင်ပြတော့ သူတို့ဘက်က ဒါစိတ်မကောင်းစရာဘဲ ၊ ကျနော့်ဘက်ကလည်းတောင်သူတွေကို သနားဖို့၊ ငဲ့ညှာဖို့၊ ကိုယ်ချင်းစာဖို့ အဲ့တာပြောတော့ သူတို့ဘက်က လုပ်ပေးမယ်ကူညီမယ်ပေါ့၊ အဲ့တော့ တောင်သူကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က တစ်စုံတရာ မျှော်လင့်ချက်ရှိတယ်လို့ပြောလို့ရပါတယ်” လို့ပြောပါတယ်။ ဒီနေ့မှာကျရောက်တဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်လာတဲ့ […]

ကန္တာရဝတီတိုင်း(မ်) ဒီနေ့မှာကျရောက်တဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ ကရင်နီလူငယ်အင်အားစုတို့ဟာ မွန်းလွဲပိုင်းအချိန်မှာ ကယားပြည်နယ် အစိုးရ ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကရင်နီလူငယ်အင်အားစုဘက်က အချက် (၃) ချက်ကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံပွဲကိုတက်ရောက်ခဲ့သည့် ကရင်နီလူငယ်တစ်ဦးဖြစ်သူ ခူးပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းကို ကန္တာရဝတီထိုင်းမ်က မေးမြန်းထားပါတယ်။ ကန္တာရဝတီတိုင်း(မ်) – ဒီနေ့နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပွဲမှာ ဘယ်သူတွေပါဝင်သေးလဲ။ မျိုးလှိုင်ဝင်း – ကျနော်တို့ကရင်နီလူငယ်အင်အားစုဘက်က (၆) ယောက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ပြည်ထောင်စုဝန်ကြီးတွေရယ်၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာက လူတွေ ပါပါတယ်။ ကန္တာရဝတီတိုင်း(မ်) – […]