ကန္တာရဝတီတိုင်း(မ်) နယ်သာလန် နိုင်ငံအခြေစိုက် De Heus Myanmar Co.,Ltd မှ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာနှင့် (၁)မိုင်ကျော်မှာအကြီးစား အကြီးစားဝက်မွေးမြူရေးစီမံကိန်းမှာ အနံ့အသက်မထွက်အောင် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ ၎င်းဝက်မွေးမြူရေးစီမံကိန်းမှ မန်နေဂျာ Vanessa က ပြောပါတယ်။ “ဒီအနံ့နဲ့ပတ်သတ်ပီးတော့ဒေသခံတွေကပြောတာတော့ရှိတာပေါ့နော။ အဲ့ဒါကိုဖြေရှင်းပေးဖို့အတွက်ကျတော်တို့ခြံရဲ့ပတ်ဝန်းကျင်မှာဒီအပင်တွေစိုက်ခိုင်းတော့လဲ ကျတော်တို့အပင်တွေစိုက်ထားပါတယ်၊ ဝါးရုံပင်ေတွေ၊ ငှက်ပျောပင်တွေ၊ တခြားအပင်တွေလဲ စိုက်ထားပါတယ်။ ဒီအနံ့နဲ့ကိုလုံးဝမထွက်အောင်တော့တာဝန်ယူလို့မရဘူးပေါ့နော်။” လို့ Vanessa က ပြောပါတယ်။ အနံ့မထွက်အောင် စက်ဖြင့်အသစ်တခုအနေနဲ့ပြန်လည်ထိန်းသိမ်းဖို့ ပြန်လည်တည်ဆောက်ဖို့စတာတွေကို (Recycle) လုပ်ဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။ လက်ရှိဝက်မွေးမြူရေးခြံမှာ ဝက်အကောင်ရေ ၂၆၅ ကောင်မွေးမြူထားပြီး ဝက်ခြံတည်ဆောက်တဲ့ စာရိတ်မှာ ဒေါ်လာ ၃ Million ကုန်ကျထားပြီဖြစ်တယ်လို့ […]