“ဖေစိုးလေးဒေသက ကလေးတွေရဲ့အနာဂါတ်အိမ်လေး”

မော်ဦးမြာ ကျောင်းနေအရွယ် ကလေးတစ်စုက ခြံဝင်းထဲမှာ ပေါက်ပြားကိုင်သူကိုင် ဓားကိုင်သူ ကိုင်နဲ့ ခြံရှင်းနေကြတာကို ကြည့်လိုက်တော့ သူတို့တွေ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ စားရဖို့ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွစွာ ကိုယ်တိုင် စိုက်ပျိုးနေကြတာဖြစ်ပါတယ်။ သူတို့ကတော့ ရှားတောမြို့ နယ်အတွင်းက ဝေးလံခေါင်ဖျားတဲ့ ကျေးရွာက ပညာဆက်လက်ဆည်းပူးဖို့ အခက်အခဲရှိတဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပညာဆက်လက် သင်ကြားနိုင်ဖို့ ကရင်နီလူငယ်တစ်စုက ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်မှာ လာရောက်ပြီး စုပေါင်း နေထိုင်ကြပါတယ်။ ဘော်ဒါဆောင်ကိုတော့ “ ဖေစိုးလေး လွိမိုး ကလွှီး ဘော်ဒါဆောင် ” လို့ အမည်ပေးထားပါတယ်။ ဘော်ဒါဆောင် ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ တာဝန်ခံဖြစ်သူ ခူးရားရယ်က “အထူးသဖြင့်ကလေးသူငယ်တွေ […]