ငြိမ်းချမ်းရေးလေ့လာသူ လူမှုအသင်းအဖွဲ့ရဲ့ အသံတချို့

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ်တွေရဲ့ ပါဝင်ပတ်သက်မှု ဘယ်လိုရှိနေလဲ။ အဲ့ဒီအကြောင်းကို ငြိမ်းချမ်းရေး လေ့လာသူ လူမှုအသင်းအဖွဲ့က သူတချို့ရဲ့ အသံကိုဖော်ပြပေးလိုက်ပါတယ်။ ကိုကျော်ထင်အောင် (LAIN နည်းပညာပြုအထောက်အကူအဖွဲ့၊ ဘုတ်ဥက္ကဌ) ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော တိုင်းရင်းသားရေးရာကော်မတီပိုင်းဆိုင်ရာတွေက ငြိမ်းချမ်းရေးအပိုင်းကို လုပ်ရတာရှိတယ်။ သို့သော် အဲဒီကော်မတီထဲ ပါဝင်ရတဲ့သူတွေဟာ ၂၁ရာစုပင်လုံလို အခမ်းအနားကြီးကျင်းပမှသာလျှင် ပွဲတက်အဆင့်လောက်သာပါနေရတာကိုတွေ့ရတယ်။ ပြီးတော့ပြည်ထောင်စုတစ်ခုလုံးမှာဆိုရင် လက်ရှိ NRPC နဲ့တွဲပြီးတော့ လွှတ်တော်ပိုင်းဆိုင်ရာကနေ ပြည်သူ့လွှတ်တော်တစ်ဦး အမျိုးသားလွှတ်တော်တစ်ဦး ကော်မတီတွေကနေ ပါတယ်ဆိုပေမယ့်လည်း သူတို့တွေရဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်မှုတွေမတွေ့ရဘူး။ နဂိုမူလ ဦးအောင်စိုး လုပ်ဆောင်ရာကနေ ဦးအောင်စိုးကို အနားပေးပြီးတော့ လက်ရှိ ဦးဌေးဝင်အောင်လို့ခေါ်တဲ့ ကိုပြုံးချိုကနေပြီးတော့ လွှတ်တော်ကိုယ်စား ငြိမ်းချမ်း Process မှာ ပါဝင်ဆိုသော်လည်းပဲ […]

ကေအဲန်ပီပီရဲဘော်သုံးဦး နဲ့ အရပ်သားတစ်ဦး အသတ်ခံရမှု ဆွေးနွေးထားချက်ရလဒ်မရှိသေး

ကန္တာရဝတီတိုင်း(မ်) ၂နှစ်ကျော်ကြာမြှင့်ပြီဖြစ်တဲ့ ကေအန်ပီပီရဲဘော်သုံးဦး နဲ့ အရပ်သားတစ်ဦး အသတ်ခံရမှုဖြစ်စဉ်ကို ပြည်ထောင်စုအဆင့်မှာဆွေးနွေးထားသော်လည်းပဲ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု ရလဒ် မရှိသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ခူးထဲဘူးက ကန္တရဝတီတိုင်းမ် ကို မတ်လ ၃ရက်နေ့က ပြောပါတယ်။ “ယနေ့ထိတော့ ဘားမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်းကလည်း မရှိသေးတဲ့အတွက် ရလဒ်ကတော့ မပေါ်သေးဘူး။ ဒါပေမယ့် ကျတော်တို့ကတော့ အဲဒါကို မမေ့ပါဘူး။ ပြည်ထောင်စုအဆင့်မှာတော့ နိုးဆော်ပေးနေတယ်” လို့ ခူးထဲဘူးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ကေအန်ပီပီရဲဘော်သုံးဦးနဲ့ အရပ်သားတဦး တို့ကို မြန်မာ့တပ်မတော်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ရလဒ်မထွက်ပေါ်သေးတာပဲဖြစ်တာကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းကို တပ်ပိုင်းဆိုင်ရာက […]