Covid-19 နှင့် မြန်မာနိုင်ငံ၏ အခြေအနေ

WHO ၏ (၂၁.၃.၂၀၂၀) ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းမှာ Covic – 19 ကူးစက်ခံရသူ ၃ သိန်းကျော်နဲ့ သေဆုံးသူပေါင်း ၁ သောင်းကျော် ရှိနေပြီဖြစ်သည်။ (https://www.who.int/emergencies/diseases/novel-coronavirus-2019/situation-reports) ကူးစက်မှုအမြင့်မားဆုံးနိုင်ငံမှာ အီတလီနိုင်ငံဖြစ်ပြီး ရောဂါကနဦးစတင်သောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ဒုတိယနေရာလိုက်ကာ တတိယလိုက်သောနိုင်ငံမှာ အီရန်နိုင်ငံဖြစ်သည်။ ရောဂါစတင်ဖြစ်ပွားရာနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အခြားကမ္ဘာတစ်ခြမ်းတွင် တည်ရှိသော အမေရိကန်နိုင်ငံသည် ကူးစက်မှုနုန်း စတုတ္ထလိုက်သောနိုင်ငံ ဖြစ်လာသည်။ တရုတ်နိုင်ငံသည် ကပ်ရောဂါ၏ဇစ်မြစ်ဖြစ်သော်လည်း ယနေ့တွင် ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံသည် အီတလီနိုင်ငံဖြစ်နေသည်မှာ စဉ်းစားစရာပင်ဖြစ်သည်။ မြန်မာနိုင်တွင် Covid-19 ပိုးတွေ့သူ ရှိကြောင်း (၂၃.၃.၂၀၂) ရက်နေ့ ည (၁၂)နာရီ မတ်တင်းတွင် သိရသည်။ သတင်းညတွင်းချင်းပြန့်နံ့သွားသည်။ အများပြည်သူ […]

လွိုင်ကော်မြို့ရှိတက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ ယာယီပိတ်၊ စာမေးပွဲများရပ်ဆိုင်း

ကန္တာရဝတီတိုင်း(မ်) ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် လွိုင်ကော်မြို့ရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ အားလုံးကို ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ လက်ရှိ ယာယီပိတ်ထားလိုက်တဲ့ကျောင်းတွေကတော့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၊ စိုက်ပျိုးရေးသိပ္ပံ(ဒီမော့ဆို)၊ ကွန်ပျုတာတက္ကသိုလ်(လွိုင်ကော်)၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ ပညာရေးကောလိပ်(လွိုင်ကော်)၊ စက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)၊ လွိုင်ကော်တက္ကသိုလ် တို့ဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်အသီးသီးတွင် ဖြေဆိုလက်စ နှစ်ဝက်စာမေးပွဲကိုလည်း ရပ်ဆိုင်းလိုက်သလို ဖြေဆိုရန် ကျန်ရှိနေတဲ့ ဘာသာရပ်တွေအတွက် ပြန်လည်ဖြေဆိုမယ့်ရက်ကို ထပ်မံကြေညာပေးသွားမယ်လို့ တက္ကသိုလ်အသီးသီးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ဒီရောဂါတည်ငြိမ်သွားပြီဆိုရင်တော့ စာမေးပွဲပြန်စခိုင်းမှာပါ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ကိုပဲ ကလေးတွေကို တိုက်တွန်းနိုးဆော်နေပါတယ်” လို့ လွိုင်ကော်တက္ကသိုလ်ရဲ့မော်ကွန်းထိန်း ဦးစိုးသိန်းက ပြောပါတယ်။ ဒါ့အပြင် အဆောင်နေကျောင်းသားကျောင်းသူတွေ နေရပ်ပြန်နိုင်ရေးအတွက် အဆောင်မှူးများနဲ့ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်တွေက ကြီးကြပ်ဆောင်ရွက်ပေးသွားမယ်လို့ […]

Kayaw Radio March 4th Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)(ဗုဓ္ဒဟူးနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ ကမ္ဘာ့ကပ်ရောဂါ COVID19 ကိုရိုနာဗိုင်းရပ်ရောဂါကို ကြိုတင်ကာကွယ်မှုအကြောင်း သိကောင်းစရာများအကြောင်း၊ တိုင်းရင်းသားပါတီများကို ကရင်နီပြည်လူမျိူးစုလူငယ်များမှ ဝန်းရံသွားမယ်ဆိုတဲ့သတင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အပါအဝင် မည်သည့်ပွဲလမ်းသဘင်များ မကျင်းပရန် ပြည်နယ်အစိုးရထုတ်ပြန်လိုက်တဲ့ သတင်း၊ နှစ်စဉ် ဧပြီ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကယောအမျိုးသားနေ့ကို COVID19 ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အမျိုးသားနေ့ပွဲတော်ကျင်းပတော့မည်မဟုတ်ကြောင်း စသည့် အကြောင်းအရာတို့ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။အားလုံးပဲ နားဆင်ပေးကြပါအုံး။