KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ (တနင်္လာနေ့)
– ဖရူဆိုမြို့နယ် အစွန်ဖျားက ကျေးရွာနှစ်ရွာမှာ ကလေးတွေ အရေပြားယားယံမှု အဖြစ်များ
– စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီမှာ တစ်လ အတွင်း အရပ်သား ၃၅ ဦး သေဆုံး
– (၇၇) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီပြည် တပ်မတော် ထိန်းချုပ်ရာနယ်မြေမှာ ကျင်းပပြုလုပ်
ဆိုတဲ့သတင်းတွေအပါအဝင် မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေ၊ အပတ်စဉ်တနင်္လာနေ့မှာ ထုတ်လွှင့်ပေးနေတဲ့ “အမျိုသမီးအစီအစဉ်” ကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ရှားတောမြို့နယ်မှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ထုတ်လွှင့်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။