spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

လူနေထူထပ်သည့်နေရာမှ ကိုယ်ဝန်ဆောင်မိခင်များကို H1N1 ကာကွယ်ဆေး ဦးစားပေးထိုး

Author

Date

Category

ကိုယ်ဝန်ဆောင်မိခင်များကို H1N1 ကာကွယ်ဆေး ထိုးပေးနေစဉ် (ပုံ-နော်ဒွေးအယ်ခူ)

နော်ဒွေးအယ်ခူ

ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်နယ်အနေဖြင့် လူနေထူထပ်ဆုံး လွိုင်ကော်မြို့ပေါ်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား H1N1 ကာကွယ်ဆေးကို ဒေသန္တရ ကျန်းမာရေးဌာနမှာ ထိုးနှံပေးခဲ့သည်။

လွိုင်ကော်မြို့ပေါ်ရှိ (၁၉)ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင် ၅၀ဝကျော်ကို ကာကွယ်ဆေး အခမဲ့ထိုးပေးခဲ့ပြီး မြို့ပေါ်လူနေထူထပ်မှုကြောင့် အခြားမြို့နယ်များထက် ဦးစားပေးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကူးစက်ရောဂါနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာထွန်းနေဝင်းက ပြောသည်။

“ကာကွယ်ဆေးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပဲ ထောက်ပံ့တာပါ။ အဲဆေးက ထပ်မံရောက်ရှိလာပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေထိုးပြီးတဲ့အတွက်ကြောင့် ဘယ်သူူ့ကိုထိုးမလဲဆိုပြီးတော့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရဲ့ ညွှန်ကြားချက်ကိုခံယူပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေကို ထိုးနှံဖို့ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးလုံလောက်မှု၊ ရရှိမှုအပေါ်မူတည်ပြီးတော့ ကျတော်တု့ိ လွိုင်ကော်မြို့ပေါ်က (၁၉)ရပ်ကွက်ကို ရွေးချယ်ခဲ့ပါတယ်။ အဓိကဦးစားပေးရွေးချယ်ရတဲ့ အကြောင်းအရင်းက မြို့ပေါ်လူနေထူထပ်မှုဟာဆိုရင် မြို့ပေါ်မှာ ပိုပြီး များပြားတဲ့အတွက် မြို့ပေါ်က ကိုယ်ဝန်ဆောင်တွေကို အရင်ဦးစားပေးပြီးတော့ ထိုးနှံခဲ့ပါတယ်” ဟု ဒေါက်တာထွန်းနေဝင်းက ပြောသည်။

H1N1 ရာသီတုပ်ကွေးရောဂါကို ကယားပြည်နယ်တွင် စတင်တွေ့ရှိပြီးနောက် ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းအားလုံးကို ထိုးနှံပေးခဲ့ပြီးနောက် ကူးစက်လွယ်သည့် ကိုယ်ဝန်ဆောင်မိခင်များကို ထပ်မံထိုးပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာကဆက်ပြောသည်။

ကာကွယ်ဆေးလာထိုးသည့် မိုင်းလုံးရပ်ကွက်မှ ကိုယ်ဝန်ဆောင်တစ်ဦးက “ပြီးခဲ့တဲ့အပတ်က ချောင်းဆိုးခါကျတော့ ဗိုက်က ကလေးအတွက် စိုးရိမ်တယ်ပေါ့နော။ အဲဒါနဲ့ ချက်ချင်းဆေးခန်းသွားပြီးမှ ဆေးကုသတယ်ပေါ့နော ဆရာဝန်နားသွားပြပြီးမှ ဆေးကုတယ်ပေါ့။ အခုလို ဆေးထိုးပေးတော့ ပျော်တာပေါ့နော အထဲက ကလေးအတွက် စိတ်ချရတယ်ပေါ့။ အဲလိုမျိုး မထိုးရသေးခင်တုန်းကဆိုရင် ကြောက်တယ်လေ အထဲက ကလေး တစ်ခုခုများဖြစ်မလားပေါ့ စိုးရိမ်တယ်။ ထိုးလိုက်ရခါကျတော့ စိတ်ကျေနပ်သွားတယ် ပျော်လည်းပျော်ပါတယ်” ဟု ပြောသည်။

H1N1ကာကွယ်ဆေး ထပ်မံရောက်လာမည်ဆိုပါက ကျန်သည့် မြို့နယ်များနှင့် ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရာသီတုပ်ကွေးလက္ခဏာများဖြစ်ပွားရာတွင် အပူချိန် ၃၈·C နှင့်အထက် အဖျားရှိခြင်း၊ နှာရည်ယိုုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှုန်းခွေခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်သည်ဟု သိရသည်။

ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးသူများသည် အများအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မီးဖွားပြီးစ မိခင်များ၊ ကလေးငယ်များ၊ အသက်ကြီးရင့်သူများ၊ ဆီးချို သွေးတိုး နှလုံး အစရှိသည့် ရောဂါတစ်မျိုးမျိုးနှင့်ဒွန်တွဲနေသူများ၊ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါရှိသူများဖြစ်ကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောထားသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် Seasonal Influenza ဓတ်ခွဲအတည်ပြု ဖြစ်ပွားမှုနှင့် သေဆုံးသူ ဦးရေစာရင်းအရ ဇူလိုင်လ ၂၄ရက်နေ့အထိ ဓတ်ခွဲအတည်ပြုဖြစ်ပွားသူ ၃၈၄ဦးရှိခဲ့ပြီး သေဆုံးသူ ၇၁ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အချက်အလက် သိရသည်။

spot_img
spot_img

Recent posts