spot_img
21.9 C
Loikaw
Thursday 2, October 2025
spot_img
Homeမာလ်တီမီဒီယာNLD အစိုးရလက်ထဲ ပြည်နယ် ငြိမ်းချမ်းရေး ဘယ်လိုဆောင်ရွက်နိုင်ခဲ့ကြလဲ

NLD အစိုးရလက်ထဲ ပြည်နယ် ငြိမ်းချမ်းရေး ဘယ်လိုဆောင်ရွက်နိုင်ခဲ့ကြလဲ

-

ကရင်နီသူ

ကယား(ကရင်နီ)ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် နှစ်ပေါင်း ၇၀ အကြာ ပြည်တွင်းစစ်တွေဖြစ်လာခဲ့ကြပြီးတော့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် ဆယ်စုနှစ်အတွင်းမှာတော့ တိုက်ပွဲအသံတွေမကြားရတော့လို့ သိသိသာသာ ငြိမ်းချမ်းလာပြီလို့တော့ ထင်မြင်ယူဆရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားအရေးတွေ ငြိမ်းချမ်းရေးတွေကို ဖော်ဆောင်ပေးမယ်လို့ မျှော်လင့်ပြီး တိုင်းရင်းသားတွေ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း အားကိုးယုံကြည်မျှော်လင့်ခဲ့ကြပြီး မဲတွေ ပုံအော်ပေးခဲ့ကြတယ်။

၂၀၁၅ရွေးကောက်ပွဲမှာ NLDပါတီ အာဏာရလာတော့ အစိုးရတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေမယ့် မပြီးပြတ်သေးဘူးလို့ NLD ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ NLDအစိုးရအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကတိကဝတ်မှာလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုးပမ်းဆောင်ရွက်မယ်လို့ ကြွေးကြော်ထားပါတယ်။ မြန်မာနိုင်ငံသားတွေလည်း စစ်အာဏာရှင်တွေရဲ့ လက်အောက်ကနေ ရုန်းထွက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို အင်တိုက်အားတိုက် တစ်နိုင်ငံလုံးနီးပါး ထောက်ခံခဲ့ကြပါတယ်။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလို့ ဆိုပေမယ့် ကျန်တဲ့ပါတီတွေတော်တော်များများ နေရာမရခဲ့ပါဘူး။ မြန်မာတစ်နိုင်ငံလုံးနီးပါး NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။

သို့ပေမယ့် အဲန်အယ်လ်ဒီပါတီအနေနဲ့ အာဏာရလာပြီးနောက်ပိုင်း ကတိကဝတ်အချက်တော်တော်များများကို မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ထားကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ