Monday, November 29, 2021

အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူတွင်းပစ်ချသေဆုံးမှုဖြစ်ပွား

Must read

နိုဝင်ဘာလ ၂၉ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-35048852 ဒီနေ့ ၂၀၂၁ နိုဝင်ဘာလ ၂၉ ရက်နေ့ KT FM ရဲ့ တနင်္လာနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် သတင်းအကြောင်းအရာများမှာ၁။ စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်ဆိုတဲ့သတင်း၂။ နောက်ဆုံးရသတင်းတွေနဲ့အတူ “နောက်မှာကျန်ရစ်တဲ့...

ညအချိန်ထိ သီးနှံရိတ်သိမ်းနေရတဲ့ မိုးဗြဲတောင်သူများ

https://youtu.be/R0hpEtFQeis ကရင်နီ-ရှမ်းပြည်နယ်စပ်ရှိ မိုးဗြဲတောင်သူတွေ ထိုးစစ်သတင်းတွေကြား ညအချိန်ထိ စိုးရိမ်ကြောက်ရွံ့မှုနဲ့ စပါးသီးနှံတွေကို ရိတ်သိမ်းနေကြရပါတယ်။

စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်

https://youtu.be/zQSoYnIaZ28 ကန္တာရဝတီတိုင်း(မ်) ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တပ်ရင်းက ရဲဘော်တွေ ပြည်သူတွေ စပါးရိတ်သိမ်းချိန် တစ်ဖက်တစ်လမ်း ပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ အခုလို တိုက်ပွဲကာလအတွင်းမှာ...

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

ကန္တာရဝတီတိုင်း(မ်) လက်နိုင်ငံရေးအခြေအနေအရ အာဏာပိုင်တွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ၊ ကိုယ်ထူကိုထ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေကနေ ပြည်သူတွေက ကာကွယ်ဆေး အသီးသီးထိုးနှံလာနေကြပါပြီ။ ကာကွယ်ဆေးထိုးနှံပြီးတဲ့...

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု၊ ပတိုငံကျေးရွာရှိ နေအိမ်တစ်အိမ်မှာ စကားများရန်ဖြစ်ရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူအတွင်းပစ်ချသေဆုံးမှုဖြစ်ပွားခဲ့တယ် ဒီးမော့ဆိုမြို့မ ရဲစခန်းမှတ်တမ်းအရသိရပါတယ်။

သေဆုံးသူ အမျိုးသား ဦး………………..ကို နေအိမ်ပေါ်မှ ဆွဲခေါ်ပြီး ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့ပြီး ရွာအနောက်ဖက်သို့ ဆွဲခေါ်လာစဉ် လမ်းမှာ သေဆုံးသွားတဲ့အတွက် ရွာ၏အနောက်ဖက် ၂မိုင်ခန့်အကွာ တောင်ခြေရှိ ဂူအတွင်းပစ်ချခဲ့တယ်လို့သိရပါတယ်။

ဒီမော့ဆိုမြို့နယ် ဒီမော့ဆိုကျေးရွာအုပ်စု ခေါက်ပလော့ကျေးရွာနေ သေဆုံးသူရဲ့ သားဖြစ်သူက နိုဝင်ဘာလ ၂၆ရက်နေ့ ယနေ့ နံနက်ပိုင်းမှာ ဒီမော့ဆိုရဲစခန်းကိုရောက်ရှိလာပြီး တိုင်ကြားရာကနေ အခုလို သေဆုံးမှုဖြစ်ပွားတာကို စုံစမ်းသိရှိခဲ့ရတာဖြစ်ပါတယ်။

ပစ်ချခဲ့ ဂူသို့သွားရောက်ခဲ့ရာ ပြင်ပဒဏ်ရာဖြင့် မျက်ခုံး ဝဲ/ယာ မှာ နှစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းယာဘက်ဂျိုးစောင်းချိုင့်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ဒူးခေါင်း ရိုးကျိုး၊ ဝဲခြေသလုံးစုတ်ပြဲ၊ ယာလက်ဖျံစုတ်ပြဲ၊ မေးရိုး(၂)လက်မခန့် ပေါက်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးသည်ကို တွေ့ရှိရပြီး အလောင်းကို ရဲဆေးစာဖြင့် ဒီးမော့ဆို ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

သက်ဆိုင်ရာကနေ ရိုက်နက်ခဲ့သူတွေကို ခေါ်ယူမေးမြန်းရာမှ ၎င်းတို့က သေဆုံးသူမှာ ပတိုငံကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် လူမှုရေးဖောက်ပြန်တဲ့ ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူရဲ့သားဖြစ်သူက ၎င်းတို့ ၄ ဦးကို ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းထားတယ်လို့သိရပါတယ်။

- Advertisement -
- Advertisement -

Latest article

နိုဝင်ဘာလ ၂၉ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-35048852 ဒီနေ့ ၂၀၂၁ နိုဝင်ဘာလ ၂၉ ရက်နေ့ KT FM ရဲ့ တနင်္လာနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် သတင်းအကြောင်းအရာများမှာ၁။ စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်ဆိုတဲ့သတင်း၂။ နောက်ဆုံးရသတင်းတွေနဲ့အတူ “နောက်မှာကျန်ရစ်တဲ့...

ညအချိန်ထိ သီးနှံရိတ်သိမ်းနေရတဲ့ မိုးဗြဲတောင်သူများ

https://youtu.be/R0hpEtFQeis ကရင်နီ-ရှမ်းပြည်နယ်စပ်ရှိ မိုးဗြဲတောင်သူတွေ ထိုးစစ်သတင်းတွေကြား ညအချိန်ထိ စိုးရိမ်ကြောက်ရွံ့မှုနဲ့ စပါးသီးနှံတွေကို ရိတ်သိမ်းနေကြရပါတယ်။

စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်

https://youtu.be/zQSoYnIaZ28 ကန္တာရဝတီတိုင်း(မ်) ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တပ်ရင်းက ရဲဘော်တွေ ပြည်သူတွေ စပါးရိတ်သိမ်းချိန် တစ်ဖက်တစ်လမ်း ပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ အခုလို တိုက်ပွဲကာလအတွင်းမှာ...

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

ကန္တာရဝတီတိုင်း(မ်) လက်နိုင်ငံရေးအခြေအနေအရ အာဏာပိုင်တွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ၊ ကိုယ်ထူကိုထ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေကနေ ပြည်သူတွေက ကာကွယ်ဆေး အသီးသီးထိုးနှံလာနေကြပါပြီ။ ကာကွယ်ဆေးထိုးနှံပြီးတဲ့...

နိုဝင်ဘာလ ၂၈ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-online-10?si=f7be7232eb6748ecaab6da1a6386255d ဒီနေ့ ၂၀၂၁ နိုဝင်ဘာလ ၂၈ ရက်နေ့ KT FM ရဲ့ တနင်္ဂနွေနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေက၁။ ဒီးမော့ဆိုတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ KNDF ရဲဘော်လေးဦးရဲ့ ဈာပနအခမ်းအနားကျင်းပ၂။...