Sunday, February 28, 2021

ကယားပြည်နယ်ရဲ့ သဘာဝအရင်းအမြစ်တွေ ရေရှည်တည်တံ့ရေး ဦးစား‌ပေးပါ

Must read

သိုးမွေးထိုး ဝါသနာရှင်တွေ ရဲ့ အထိုင်သပိတ်

https://youtu.be/sVZY5Svm2Kw နိုင်ငံ တစ်ဝန်းမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲကို နေ့စဉ် ပြုလုပ်လျက်ရှိပြီး ပုံစံအမျိုးမျိုးနဲ့ မိမိတို့ ဆန္ဒကို ဖော်ထုတ်နေကြ တာကိုတွေ့ရပါတယ်။ လွိုင်ကော်မြို့ ဖေဖော်ဝါရီ(၁၈)ရက် ဆန္ဒပြမှုမှာလည်း သိုးမွေးထိုး...

ကယားပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းပါဝင်မှု ပိုများလာ

https://youtu.be/ijq3lWyTI1I ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုက ၁၀ရက်မြောက်လာပါ ပြီ။ ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်နေ့ပြီး တစ်နေ့ ပါဝင်မှု ပိုမိုအားကောင်းလာပါတယ်။

လွိုင်ကော်မှာ ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်းပြုလုပ်

ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်း ကို ဒီကနေ့ ကယားပြည်နယ် လွိုင်ကော် ခရစ်တော်ဘုရင် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လွိုင်ကော်သာသနာလုံးဆိုင်ရာက လူငယ်တွေပါဝင်ခဲ့ပြီးတော့ မနက်...

ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ဒီကနေ သမဝါယမဦးစီးဌာနက ဝန်ထမ်း ၂၀ ဦးနှင့် စည်ပင်သာယာရေးဦး ဌာနက ဝန်ထမ်းတွေလည်း ပူးပေါင်းပါလာခဲ့တယ်လို့ ကြားသိရပါတယ်။

သွေး (စစ်ကိုင်း) ရေးသားသည်။

သဘာဝ အရင်းအမြစ် (Natural Resources) တွေ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေးဟာ အထူးပဲ အရေးကြီးပါတယ်။ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေ တွေ့ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းနိုင်မှသာ ထိခိုက်လာမှုက သက်သာမှာ ဖြစ်ပါတယ်။
ကယားပြည်နယ်ဟာ ကရင်နီ၊ ကယန်း၊ ဂေခို၊ ဂေဘား၊ ပရဲ၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော် လူမျိုးစုတွေ နေထိုင်ကြတဲ့ ပြည်နယ်ဖြစ်သလို သဘာဝအရင်းအမြစ်တွေ ကြွယ်ဝတဲ့ ပြည်နယ် တစ်ခု ဖြစ်တာကြောင့် ရေရှည်တည်တံ့စေဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်သွားရမှာပါ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်က လောပိတရေအား လျှပ်စစ်စက်ရုံကနေ တစ်နိုင်ငံလုံးကို ဓာတ်အားတွေ ဖြန်ဖြူး ပေးနေတာ ဖြစ်ပြီး အဲဒီအတွက် ရေအရင်းအမြစ်တွေ မပျက်စီးအောင် အထူးဂရုပြု လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ အတွက် ဘီလူးချောင်း အမှတ် (၁)၊ (၂)၊ (၃) လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကနေ လည်ပတ် ထုတ်လုပ်နေတာပါ။ အင်းလေးကန်ကနေ စီးဆင်းလာတဲ့ ရေတွေဟာ ဖယ်ခုံမြို့အနီးမှာ ဖယ်ခုံအင်း ဖြစ်လာ၊ ဖယ်ခုံအင်းကို ပိတ်ပြီး မိုးဗြဲရေကာတာ အဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဘီလူးချောင်း ဓာတ်အားပေးစက်ရုံတွေ လည်ပတ်နိုင်ဖို့ မိုးဗြဲရေကာတာကနေ ရယူနေရတာ ဖြစ်တာကြောင့် အထက်ပိုင်း ဖြစ်တဲ့ အင်းလေးကန် ဝန်းကျင်ဒေသ တည်တံ့ရေး အရေးကြီးသလို မိုးဗြဲရေကာတာကနေ လုံလောက်တဲ့ ရေပမာဏ ဖြည့်ဆည်းနိုင်မှသာ ရေအားလျှပ်စစ်စက်ရုံတွေ ပုံမှန် လည်ပတ်နိုင်မှာပါ။ လက်ရှိအချိန်မှာ ၂၂ နှစ်တာ ကာလ အတွင်း မိုဗြဲရေကာတာဟာ ရေသိုလှောင်ထားနိုင်တဲ့ ရေအမှတ် အနည်းဆုံး အနေအထားကို ရောက်ရှိနေပါတယ်။ ဒါအပြင် ‌ဒေသခံများဟာလည်း ဆည်ရေသောက်လယ်တွေ စိုက်ပျိုးနိုင်ဖို့ အတွက် မိုးဗြဲရေကာတာကို အားထားနေရတာပါ။

ယခင်အချိန်တွေ တုန်းက ကယားပြည်နယ်မှာ သစ်တော ဖုံးလွှမ်းမှုဧရိယာ များပြားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သစ်တောဧရိယာ နည်းပါးသွားပါပြီ။ ဒီလို သစ်တောဧရိယာ နည်းပါးလာတာ၊ သတ္တုတူးဖော်မှုတွေ များပြားလာတာ၊ ရာသီဥတု ပြောင်းလဲလာတာနဲ့ အမျှ ရေအရင်းမြစ်တွေကို ထိခိုက်လာစေမှာ အသေအချာပါပဲ။ ဒါကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ အတွက်ရော၊ စိုက်ပျိုးရေး အတွက်ပါ အားထားနေရတဲ့ ရေအရင်းမြစ်တွေ မဆုံးရှုံးအောင် ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သင့်ပါတယ်။

ဘီလူးချောင်း ရေရှည်တည်တံ့ရေး အတွက်လည်း လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။ အံ့ဩစရာကောင်းတဲ့ အချက်က ဘီလူးချောင်းက တဆင့် ရရှိလာတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းကနေ လျှပ်စစ်ဓာတ်အားတွေ တစ်နိုင်ငံလုံး ဖြန့်ချိပေးလာခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်ပေမဲ့… ရေအရင်းမြစ်အတွက် အဓိကကျတဲ့ ဘီလူးချောင်း ပြုပြင်မွမ်းမံဖို့ ဘတ်ဂျက် မရဖူးသေးတဲ့ အချက်ပါပဲ။

ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဘီလူးချောင်းရေအားလျှပ်စစ် စက်ရုံက ရရှိတဲ့ ဒေသလူမှုစီးပွားရေး အကျိုးပြုရန်ပုံငွေတွေကို ဘီလူးချောင်း ပြုပြင်ထိန်းသိမ်းဖို့ အတွက်ပဲ သုံးသင့်တယ် လို့ ပြောကြားတာကို ကန္တာရဝတီတိုင်းမ်မှာ ဖတ်ရှုရပါတယ်။

ကယားပြည်နယ်က ဒေသခံတွေ သဘောမတူကြတဲ့ စီမံကိန်းတစ်ခုကတော့ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာ စီမံကိန်းတွေပဲ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတွေထဲမှာ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲက ရွာသစ်ရေကာတာစီမံကိန်းလည်း ပါဝင်နေပါတယ်။ သံလွင်မြစ်တလျှောက် နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ ဒီမြစ်ကြီးကို အမှီသဟဲပြု နေထိုင်နေရတာပါ။ ရွာသစ်ရေကာတာ တည်ဆောက်ဖို့ လျာထားတဲ့ နေရာဟာ သံလွင်မြစ်ရဲ့ အဓိက မြစ်လက်တက်တစ်ခုပေါ်မှာ တည်ရှိပါတယ်။

ဒီရေကာတာသာ တည်ဆောက်ခဲ့ရင် ကယားပြည်နယ်ရဲ့ ၃ ပုံ ၁ ပုံလောက် အထိရေဝပ်ဧရိယာ ဖြစ်သွားနိုင်တယ် လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ အရင်အစိုးရတွေ လက်ထက်က အကောင်အထည် ဖော်ဖို့ စီစဉ်ခဲ့တဲ့ ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။ အခုလို စီမံကိန်းတွေကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ရိုက်ခတ်မှု ရှိလာမှာပါ ဒေသခံတွေက စိုးရိမ်နေကြတာပါ။

နောက်ထပ် ထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ချက်ကတော့ ကယားပြည်နယ်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့နည်းလာနေတဲ့ အရေးပါ။ ၂၀၁၃ ခုနှစ် လောက်က စ,ပြီး သစ်တောတွေ အလွန်အကျွံခုတ်ယူမှုကြောင့် သစ်တော ဧရိယာ နည်းပါးလျော့ကျလာရတာ ဖြစ်ပါတယ်။ ကျွန်း၊ ပျဉ်းကတိုး၊ လက်ပံ၊ ပိတောက်စတဲ့ အဖိုးတန်သစ်တွေ ထွက်ရှိတဲ့ ပြည်နယ် ဖြစ်တဲ့ အတွက်ကြောင့် သဘာဝအရင်းအမြစ်တွေထဲမှာ အရေးပါတဲ့ သစ်တောပြန်လည် ပြုစုပျိုးထောင်ရေးကို အထူးအလေးထား လုပ်ဆောင်ပေးဖို့လည်း လိုအပ်နေပါတယ်။

ဒေသတွင်း သစ်တောဧရိယာ နည်းပါးလာတာနဲ့ အမျှ ဒေသခံတွေဟာ ရာသီဉတု ပြောင်းလာမှုရဲ့ နောက်ဆက်တွဲ ပူပြင်းမှု၊ အသက်မွေးဝမ်းကျောင်း အပေါ် ထိခိုက်မှုတွေပါ တွေ့ကြုံလာရပါတယ်။ သိသာလာတဲ့ အချက်တစ်ချက်က ရေရှားပါးလာမှု ပြဿနာ ဖြစ်ပြီး ဖရူဆိုမြို့နယ်မှာ ရေရှားပါးမှုကို အဓိက ခံစားလာနေရတာပါ။ နွေရာသီ မရောက်သေးခင် နိုဝင်ဘာလလောက် ကတည်းက ကျေးရွာပေါင်း ၄၀ ကျော်မှာ ရေရှားပါးမှု တွေ့ကြုံနေတာ ဖြစ်ပါတယ်။

တကယ်တော့ ကယားပြည်နယ်ဟာ သစ်တောပြန်လည် ပြုစုပျိုးထောင်ရေးနဲ့ အတူ လူထုအခြေပြု ခရီးသွား လုပ်ငန်းတွေ ဖော်ဆောင်နိုင်ခဲ့ရင် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ပြည်နယ်ပါ။ ဒီးမော့ဆိုမြို့နယ်ထဲက ကန်ခုနစ်ဆင့်လို သာယာလှပတဲ့ နေရာတွေမှာ ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်ပေးသင့်သလို တစ်ဖက်ကလည်း ကန်သာယာလှပဖို့ ရေရှည်ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကန်ခုနစ်ဆင့်ကို လာရောက် လည်ပတ်သူတွေက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ ရှိနေလို့ပါ။

ဒီးမော့ဆိုမြို့နယ် ထဲက ပန်ပက်ကျေးရွာမှာ ကယန်းလူမျိုးတွေ အများစု နေထိုင်ကြပြီး လူထုအခြေပြု ခရီးသွား လုပ်ငန်းဖော်ဆောင်နေတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။ ကယန်းလူမျိုးတွေရဲ့ ရိုးရာဓလေ့တွေကို တွေ့နိုင်သလို သူတို့ကိုယ်တိုင် ရက်လုပ်တဲ့ ရိုးရာအဝတ်အထည်တွေတွေကိုလည်း လေ့လာဝယ်ယူနိုင်ပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာတော့ လွိုင်ကော်မြို့နယ်က လီဆူးတိုင်းရင်းသားတွေ နေထိုင်တဲ့ အိုင်စန့်ကျေးရွာမှာ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ပေးဖို့ စီစဉ်နေပါတယ်။ အဲဒီကျေးရွာမှာလည်း လီဆူးတိုင်းရင်းသားတွေ ကိုယ်တိုင် ရက်လုပ်တဲ့ အဝတ်အထည်တွေ၊ ဘူးသီးခြောက်နဲ့ ပြုလုပ်ထားတဲ့ ရိုးရာပုလွေတွေ၊ ရိုးရာအသုံးအဆောင် ပစ္စည်းတေါကို လေ့လာခွင့် ရမှာပါ။ ကယားလူမျိုးတေါ နေထိုင်တဲ့ တနီးလာလဲ ကျေးရွာ၊ ဒေါတမကြီး ကျေးရွာ၊ ကယောလူမျိုးတွေ နေထိုင်တဲ့ ထေခို ကျေးရွာတွေမှာလည်း လူထုအခြေပြု ခရီးသွား လုပ်ငန်းတွေ ဖော်ဆောင်နေတယ် လို့လည်း သိရပါတယ်။

သဘာဝ အရင်းအမြစ်တွေလည်း မပျက်စီးစေဘဲ ဝင်ငွေလည်း ရရှိတာ ဖြစ်လို့ ခရီးသွားလုပ်ငန်းတွေကို တိုးချဲ့သင့် ပါတယ်။ စီးပွားရေးဘက်က ကြည့်ရင် ဒေသထွက်ကုန်တွေက ဝင်ငွေရတာ၊ မတူညီတဲ့ ဒေသစီးပွားရေး လုပ်ငန်းတွေ ဖော်ဆောင်နိုင်တာ ဆိုတဲ့ အချက်တွေ တွေ့ရပြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဘက်ကကြည့်ရင် သဘာဝ အရင်းအမြစ်တွေကို ထိန်းသိမ်းနိုင်တာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တာဝန်ယူမှုရှိတာ၊ သဘာဝရေအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ ဆိုင်တဲ့ အခွင့်အရေးတွေ ရှိတာတွေ တွေ့ရပါတယ်။

ကုလသမဂ္ဂဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (United Nations Declaration on the Rights of Indigenous People) မှာလည်း အခုလို ဖော်ပြထားပါတယ်။

“ဌာနေတိုင်းရင်းသားများ၌ ယင်းတို့၏ မြေနယ်ပယ်နှင့် သယံဇာတအရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများ ရှိသည်။ မြေယာအသုံးချ စနစ်နှင့် ပတ်သက်သည့် ဌာနနေတိုင်းရင်းသားများ၏ အစဉ်အလာ ဓလေ့ထုံးတမ်းများကို လေးစား လိုက်နာ၍ အဆိုပါ မြေနယ်ပယ်နှင့် သယံဇာတ အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများကို ဥပဒေပြဋ္ဌာန်း ကာကွယ်ပေးရန် အစိုးရများတွင် တာဝန်ရှိသည်။ အစိုးရများ အနေဖြင့် ဌာနေတိုင်းရင်းသားများ၏ အလေးထားမှုများအား စီမံကိန်းအတွင်း ထည့်သွင်းပေါင်းစပ်ပြီးမှသာ စီမံကိန်းများကို အစပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းများကို လုပ်ဆောင်သင့်သည်။”

ဒါကြောင့် ဌာနေတိုင်းရင်းသားတွေ နေထိုင်တဲ့ ကယားပြည်နယ်မှာ ခဲသတ္တုတူးဖော်ရေးတွေ လုပ်ဆောင်ရာမှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ကိုင်ဖို့ လိုအပ်သလို ရေရှည်တည်တံ့ရေး အတွက်ပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် – ဖားဆောင်းမြို့နယ်က မော်ချီးသတ္တုတွင်းဟာ တူးဖော်လာခဲ့တဲ့ နှစ်တွေ ကြာမြင့်လာတာနဲ့ အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာသလို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး အိမ်အလုံး ၆၀ ပျက်စီးခဲ့ရတာ၊ လူတွေ သေဆုံးရတာတွေ အထိ ဖြစ်ခဲ့ပါတယ်။

သတ္တုတူးဖော်မှုတွေမှာ ဒေသခံပြည်သူတွေ အတွက် ကျန်းမာရေး၊ လူမှုဘဝရပ်တည်နေထိုင်နိုင်ရေး မထိခိုက်အောင် လုပ်ဆောင်နိုင်မှသာ ပြည်နယ်ရဲ့ ရေရှည်တိုးတက်ဖွံ့ဖြိုးမှုကို ဦးတည်နိုင်မှာပါ။ ဒါအပြင် အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ဌာနေတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုကို နိုင်ငံတော်က အသိအမှတ်ပြပေးမှသာ မြေယာဆိုင်ရာ ပြဿနာတွေ ပြေလည်လာမှာပါ။

အကျဉ်းချုပ်ရရင် ကယားပြည်နယ် အတွင်း မြေအရင်းအမြစ်၊ ရေအရင်းအမြစ်၊ သယံဇာတအရင်းမြစ်၊ သစ်တောအရင်းမြစ် စတဲ့ သဘာဝအရင်းအမြစ်တွေကို ရေရှည်တည်တံ့အောင် စီမံပေးနိုင်မယ်၊ ထိန်းသိမ်းကာကွယ် ပေးနိုင်မယ် ဆိုရင် ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါကြောင်း။ ။

Comments

comments

- Advertisement -
- Advertisement -

Latest article

သိုးမွေးထိုး ဝါသနာရှင်တွေ ရဲ့ အထိုင်သပိတ်

https://youtu.be/sVZY5Svm2Kw နိုင်ငံ တစ်ဝန်းမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲကို နေ့စဉ် ပြုလုပ်လျက်ရှိပြီး ပုံစံအမျိုးမျိုးနဲ့ မိမိတို့ ဆန္ဒကို ဖော်ထုတ်နေကြ တာကိုတွေ့ရပါတယ်။ လွိုင်ကော်မြို့ ဖေဖော်ဝါရီ(၁၈)ရက် ဆန္ဒပြမှုမှာလည်း သိုးမွေးထိုး...

ကယားပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုမှာ ဌာနဆိုင်ရာဝန်ထမ်းပါဝင်မှု ပိုများလာ

https://youtu.be/ijq3lWyTI1I ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုက ၁၀ရက်မြောက်လာပါ ပြီ။ ဌာနဆိုင်ရာဝန်ထမ်းတွေ တစ်နေ့ပြီး တစ်နေ့ ပါဝင်မှု ပိုမိုအားကောင်းလာပါတယ်။

လွိုင်ကော်မှာ ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်းပြုလုပ်

ငြိမ်းချမ်းရေးအတွက် စိပ်ပုတီး စိပ်ခြင်းနဲ့ ဆုပေါင်းဆုတောင်းစီတန်းလှည့်လည်ခြင်း ကို ဒီကနေ့ ကယားပြည်နယ် လွိုင်ကော် ခရစ်တော်ဘုရင် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လွိုင်ကော်သာသနာလုံးဆိုင်ရာက လူငယ်တွေပါဝင်ခဲ့ပြီးတော့ မနက်...

ဆန္ဒပြပြည်သူတွေနဲ့အတူ သမဝါယမဝန်ထမ်းနှင့် စည်ပင်သာယာရေးဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာ

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ဒီကနေ သမဝါယမဦးစီးဌာနက ဝန်ထမ်း ၂၀ ဦးနှင့် စည်ပင်သာယာရေးဦး ဌာနက ဝန်ထမ်းတွေလည်း ပူးပေါင်းပါလာခဲ့တယ်လို့ ကြားသိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူထုတွေရဲ့အသံ။

https://youtu.be/kOj_dF7rgLA ဖေဖော်ဝါရီလ ၁၇ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူထုတွေရဲ့အသံ။

Comments

comments