spot_img
16.4 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းစစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ နာနတ်တောသပိတ်ဖြိုခွင်းခံရအပြီး အသက်၁၃နှစ်အရွယ်မိန်းကလေးအပါအဝင် စုစုပေါင်း ၁၃ဦးဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ နာနတ်တောသပိတ်ဖြိုခွင်းခံရအပြီး အသက်၁၃နှစ်အရွယ်မိန်းကလေးအပါအဝင် စုစုပေါင်း ၁၃ဦးဖမ်းဆီးခံရ

-

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ် ယနေ့ မေလ ၁၂ရက်နေ့ ညနေပိုင်းမှာ စစ်တပ်၊ ရဲ အင်အား အများအပြားက လာရောက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ အသက် ၁၃နှစ်အရွယ်မိန်းကလေးအပါအဝင် စုစုပေါင်း ၁၃ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သပိတ်ကော်မတီဝင်တစ်ဦးက အတည်ပြုပြောပါတယ်။

ဖမ်းဆီးခံရသူအနက် အမျိုးသမီးအများဆုံးဖြစ်ပြီး ၁၈နှစ်မပြည့်သေးသူ မိန်းကလေး ၃ဦးပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကိုကယားပြည်နယ်ခန်းမမှာ ထားရှိပြီး သပိတ်ကော်မတီအနေနဲ့ ဖမ်းဆီးခံပြည်သူတွေ လွတ်မြောက်ဖို့အတွက် KNPP နဲ့ တွေ့ ဆုံပြီး စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေ ၅နာရီဝန်းကျင်မှာ နာနတ်တောပြည်သူတွေက စစ်အာဏာစနစ်ဆန့်ကျင်ကန့်ကွက်တဲ့သပိတ် လူစုနေဆဲမှာ စစ်ကောင်စီမှ လာရောက်ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လိုက်လံဖမ်းဆီးတဲ့အခါ ကျည်အစစ်သုံးပြီး ပစ်ခတ်မှုရှိခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

နာနတ်တောမှာ လိုက်လံဖမ်းဆီး ပတ်ခတ်နေသလို နောင်ယားရပ်ကွက်မှာလည်း အရပ်ဝတ်လူတစ်စုက သေနတ်ကိုင်ပြီး အိမ်စီးကားနဲ့ လှည့်လှည်သွားလာခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ