spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မိဘတွေကျောင်းမအပ်ကြဖို့ အခြေခံပညာဆရာများသမဂ္ဂတောင်းဆို

Author

Date

Category

စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို ပြန်လည် ဖွင့်လှစ်မယ့်အပေါ် မတက်ရောက်ကြဖို့နဲ့  မိဘတွေကလည်း မိမိရဲ့ကလေးတွေကို ကျောင်းမအပ်ကြဖို့  ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ဒီကနေ့ ကုန်းသာကျေးရွာမှာပြုလုပ်တဲ့ ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်မှာ ပြောကြားခဲ့ပါတယ်။

” ကျမတို့ ပြည်သူလူထုတွေ ကျောင်းသားတွေ နေရာအသီးသီးမှာရှိနေကြတဲ့လူတွေ ဒီကနေပြောချင်ပါတယ်။ ဒီတော်လှန်ရေးအောင်ချင်တယ်ဆိုလို့ရှိရင် အဲ့နေ့ရက်မှာ လုံးဝလုံးဝကျောင်းကိုမသွားပါနဲ့ ကျောင်းဝကိုရောက်ရင် ခင်ဗျားတို့ခေါင်းက ပြောင်းဝကိုရောက်မယ်ဆိုတာ တစ်ခါတည်းဦးနှောက်ထဲမှာထည့် ထားဖို့ ပြောချင်ပါတယ်။ “

ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်ကို အရှိန်မပြတ်လုပ်ဆောင်နေတာဖြစ်ပြီး ဒီကနေ့မှာလည်း သပိတ်စစ်ကြောင်းပေါင်းစုံပါဝင်တဲ့ လူအင်အားထောင်ချီနဲ့ သပိတ်ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးကလည်း ပြည်သူ့အစိုးပြန်တက်လာမှ ကျောင်းပြန်တက်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

” ကျောင်းအပ်နှံရမယ့်အချိန်ကို ရောက်လာပါပြီ ၂၄ရက်နေ့ဆို ရောက်ပါတော့မယ်။ လုံးဝကိုယ့်သားသမီးတွေက ကျောင်းသွားမအပ်ကြပါနဲ့ တစ်နှစ်နှစ်တန်းတက်တဲ့ ပညာရေးစနစ်နဲ့ ကျနော်တို့ကလေးတွေဟာ ဒီနှစ် သုံးတန်းတက်တဲ့ကလေးတွေဟာ နောက်နှစ်ငါးတန်းရောက်သွားမယ်။ ငါးတန်းသမားဆို ခုနစ်တန်းထိရောက်သွားမယ်။ အတန်းအရေအတွက်တော့မြင့်သွားမယ် ဒါပေမယ့်  ငါ့သားရေငါ့သမီးရေ ရော့ဒီစာလေးရေးကြည့်စမ်း ရော့ဒီအင်္ဂလိပ်စာလေးဖတ်ကြည့်စမ်း ဒီလိုပြောလို့ ကိုယ့်ကလေးက ဒီဟာလေးတောင်မဖတ်တတ်ဘူး။ We have to တွေနဲ့ သွားမယ်ဆိုရင်တော့ ကမ္ဘာကိုထိုးဖောက်နိုင်မယ်မဟုတ်ပါဘူး။ ကိုယ့်သားသမီးတွေကို ပိုပြီးမြင့်စေချင်တယ်။ ပိုပြီးအမြင့်ကို ရောက်စေချင်တယ်။ ကိုယ့်သားသမီးကို သခင်လိုမျိုးမြင်စေချင်တယ်ဆိုရင် ကျောင်းမအပ်ကြပါနဲ့အုံး၊ ကျနော်တို့ ပြည်သူ့အစိုးရပြန်တက်လာတဲ့အချိန်ကျရင် အားလုံးကျောင်းပြန်တက်ကြမယ်။ “

စစ်ကောင်စီကနေပြီး လာမယ့် ၂၄ရက်နေ့မှာ ကျောင်းအပ်လက်ခံဖို့ရှိတဲ့အပေါ် စစ်အာဏာဆန့်ကျင်နေတဲ့  ကျောင်းသားတွေ၊ ဆရာ၊ဆရာမတွေကတော့ လာရောက်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ CDM ကို အစိုးရဝန်ထမ်းတွေပြုလုပ်နေကြတာကြောင့် စစ်ကောင်စီက CDM ဝန်ထမ်းတွေကို ဖိအားပေးတာတွေ၊ အလုပ်ထုတ်တာ တွေ ၊ ဖမ်းဆီးတရားစွဲဆိုတာ တွေ ပြုလုပ်နေပါတယ်။

spot_img
spot_img

Recent posts