spot_img
27.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းလွိုင်ကော်မြို့တွင် ကိုဗစ်ပိုး စတင်တွေ့ရှိ

လွိုင်ကော်မြို့တွင် ကိုဗစ်ပိုး စတင်တွေ့ရှိ

-

ကန္တာရဝတီတိုင်း(မ်)

ဇွန်လ ၂၉ရက်နေ့မှာ ပင်လောင်းမြို့မှ လွိုင်ကော်မြို့ကို ပြန်လာသူ အမျိုးသမီးတစ်ဦး ကျန်းမာရေးမကောင်းရာမှ လွိုင်ကော်ဆေးရုံကြီးမှာ ဆေးကုသရန် သွားရောက်စစ်ဆေးရာ ( Covid – 19) ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးမှာ ပင်လောင်းမြို့ရှိ ဆွေမျိုးတော်စပ်သူထံ သွားရောက်နေထိုင်ပြီး ဈေးရောင်းတဲ့အလုပ် လုပ်ကိုင်ခဲ့ကာ နေမကောင်းတာကြောင့် ဆေးခန်းပြပေမယ့် မသက်သာတဲ့အတွက် ဇွန်လ ၂၉ရက်နေ့ လွိုင်ကော်မြို့ကိုပြန်လာပြီး လွိုင်ကော်ဆေးရုံကြီးမှာ စစ်ဆေးစဉ် (Covid Positive) ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကို လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးရဲ့ သီးသန့်ဆောင်မှာ ကုသမှုပေးလျက်ရှိတယ်လို့ သိရပါတယ်။ ပိုးတွေ့သူအမျိုသမီးမှာ ပင်လောင်းမြို့မှ ဖယ်ခုံမြို့ထိ ကားငှားစီးပြီး ဒေါတမရပ်ကွက်မှ ဆွေမျိုးတော်စပ်သူက ဖယ်ခုံမှာ လာရောက်ခေါ်ဆောင်ကာ လွိုင်ကော်ဆေးရုံကြီးမှာ သွားရောက် ဆေးကုသရန်သွားခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံမှာထိတွေ့ခဲ့တဲ့ ပိုးတွေ့အမျိုးသမီးရဲ့ သားနှစ်ဦးနဲ့ ချွေးမ တစ်ဦးတို့ကိုလည်း ညတွင်းချင်း Quarantine ထားရှိခဲ့ပါတယ်။ ဒါ့အပြင် ပိုးတွေ့အမျိုးသမီးကို ဖယ်ခုံမှာ သွားရောက်ခေါ်ဆောင်ကာ ဒေါတမရပ်ကွက် နေအိမ်ပြန်သွားတဲ့ ကားသမားတစ်ဦးနဲ့ မိသားစုဝင် ၄ဦးကိုလည်း ညပိုင်းမှာ ရွှေလွိုင်ကော်ပရဟိတမှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး လက်ရှိမှာ Quarantine ထားရှိကာ ထိတွေ့မိသူအားလုံးကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Covid – 19 ပိုး စတင်ပြန့်ပွားချိန်ကစပြီး ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်မှာ ပိုးတွေ့လူနာ ( ၁၁၂) ဦး ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ပထမဆုံး စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ