Saturday, July 24, 2021
Home ကန္တာရဝတီတိုင်း(မ်) သတင်း ရဲဝန်ထမ်းအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၁၅ဦးထပ်မံတွေ့ရှိ ၊ ကိုဗစ်လူနာ ၃ဦးသေဆုံး

ရဲဝန်ထမ်းအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၁၅ဦးထပ်မံတွေ့ရှိ ၊ ကိုဗစ်လူနာ ၃ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ရဲဝန်ထမ်းအပါအဝင် (၁၄)ဦး၊ ဘောလခဲမြို့မှ တစ်ဦး တို့မှာ ကိုဗစ်ပိုးတွေ့ရှိပြီး သက်ကြီးအရွယ် ၃ဦးမှ ကိုဗစ်ရောဂါဖြင့်သေဆုံးသွားတယ်လို့ ဒီကနေ့ ဇူလိုင်လ ၁၉ရက်နေ့မှာ သိရပါတယ်။

ကိုဗစ်ဖြင့်သေဆုံးသူများမှာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ဆေးကုသမှုခံယူနေတဲ့
အသက်(၇၁)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၈၆)နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၇၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး အမျိုးသမီး နှစ်ဦးမှာ သေဆုံးပြီး ဆေးစစ်ရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄မိုင် သုဿာန်ကို ပို့ဆောင်ကူညီကာသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲဝန်ထမ်း (၇)ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ (၁၅)ဦးထပ်မံတွေ့ရှိသူများအနက် သေဆုံးသွားတဲ့ အမျိုးသမီး၂ဦးလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

ကိုဗစ်တွေ့ရှိသူများအနက် လွိုင်ကော်မြို့မှ ၁၄ဦး၊ ဘောလခဲမြို့မှ တစ်ဦးဖြစ်တာကြောင့်
ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၁၈ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၁၉၆)ဦးထိရှိလာပြီလို့ သိရပါတယ်။

ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၁၉ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၁၇၇)ဦး၊ ဖရူဆိုမြို့မှ ၆ ဦး၊ ဘောလခဲမြို့မှ ၁၂ ဦး၊ ဖားဆောင်းမြို့မှ တစ်ဦး တို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ (၁၉၆)ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ ၈ဦးနဲ့ ဖရူဆိုမြို့မှတစ်ဦး စုစုပေါင်း ၉ ဦး ရှိနေပြီး
ကိုဗစ် သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ ၄၃ ဦး ရှိပြီလို့ သိရပါတယ်။

Comments

comments

Recent posts

ဖရူဆိုမြို့အနောက်ဖက်ခြမ်းမှ အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာ

ကန္တာရဝတီတိုင်း(မ်) ယမန့်နေ့ (ဇူလိုင်လ ၂၂) မှာ ကရင်နီပြည်နယ် ဖရူဆိုမြို့အနောက်ဖက်ခြမ်းရှိ ဟိုယာ၊ ဘီယာဒေသဖက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ရှိတဲ့...

ကရင်နီတပ်မတော် (KA)၊ KNDFပူးပေါင်းအဖွဲ့မှ ရိက္ခာ၊တပ်အင်အား သယ်ဆောင်တဲ့ စစ်ကောင်စီယာဉ်တန်းကို ချုံခိုတိုက်ခိုက်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာနဲ့ ကျောက်ကုန်းကျေးရွာအနီး ရိက္ခာ နဲ့ တပ်အင်အား အပြည့်သယ်ဆောင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့ ပူးပေါင်းပြီး ချုံခိုတိုက်ခိုက်ခဲ့ကာ...

ရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုး (၄၈)ဦးထပ်မံတွေ့ရှိ၊ ပိုးတွေ့ရှိသူနှစ်ဦးထပ်မံသေဆုံး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကုသမှုခံယူနေတဲ့ လောဓမ္မရပ်ကွက်နေ အသက် (၇၂)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် (၅၀)နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂၂ရက်နေ့မှာ ရဲဝန်ထမ်း၊ အချုပ်သားအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ (၄၈)ဦးထပ်မံတွေ့ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကယန်းပြည်သစ်ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ် စစ်ဆေးရေးဂိတ် လေးခု ဖွင့်လှစ်ထားရှိ

ကန္တာရဝတီတိုင်း(မ်) တကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုဗစ် တတိယလှိုင်းကို ကာကွယ်ဖို့အတွက် ကယန်းပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကယန်းဒေသတွင်း စစ်ဆေးရေးဂိတ် လေးခု ဖွင့်လှစ်ထားတယ်လို့ ကယန်းအမျိုးသားကျန်းမာရေးကော်မတီရဲ့...

တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၂၆၀၀ကျော် ထပ်မံတိမ်းရှောင်နေရ၊ အရေးပေါ်အကူအညီများ လိုအပ်နေ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် - ဘောလခဲမြို့နယ်ကြားက တိုက်ပွဲကြောင့် နန်းဖဲကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၇ ရွာမှ ဒေသခံပြည်သူ ၂၆၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက်...

Comments

comments