spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

လာရောက်ပူးပေါင်းပါက ဆုတော်ငွေချီးမြင့်မည်ဖြစ်ကြောင်း စစ်ကောင်စီတပ်သားများကို KNDF မှ ဖိတ်ခေါ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ ပြည်သူလူထုနဲ့လာရောက်ပူးပေါင်းတဲ့ ပြည်သူ့ဘက်တော်သား တပ်မတော်သားများကို လှိုက်လှဲစွာကြိုဆိုကြောင်းနဲ့ ဆုတော်ငွေချီးမြှင့်မယ့် ပန်ကြားချက်တစ်စောင်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ဩဂုတ်လ (၂၀)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ဘက်တော်သား တပ်မတော်သားရဲ့လုံခြုံရေးကို အထူးအာမခံပေးမယ့်အပြင် ပြည်သူများမှ ပံ့ပိုးထားတဲ့ဆုတော်ငွေကိုလည်း ချီးမြှင့်မှာ ဖြစ်တဲ့အတွက် ပြည်သူနဲ့လာရောက်ပူးပေါင်းပေးပါရန် ပန်ကြားထားပါတယ်။

KNDF နဲ့ စစ်ကောင်စီ မကြာခဏဖြစ်ပွားတဲ့ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ အောက်ခြေတပ်မတော်သားများရဲ့ ထိခိုက်ဒဏ်ရာရမှု၊ အသက်သေဆုံးမှု စတဲ့ မလိုလားအပ်တဲ့ ပေးဆပ်မှုဆုံးရှုံးမှုကို တွေ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှာ ဆက်လက်တာဝန်မထမ်းဆောင်တော့ဘဲ ပြည်သူလူထုနဲ့အတူ လာရောက်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ အတူတွန်းလှန်ရန် ဖိတ်ခေါ်ထားပါတယ်။

KNDF ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့အတူ တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။

spot_img
spot_img