spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeမာလ်တီမီဒီယာဓာတ်ဆီဖိုး မတတ်နိုင်လို့ ဒေသခံတွေက ဆန်စက်အစား ကိုယ်တိုင် စပါးထောင်းနေကြရ

ဓာတ်ဆီဖိုး မတတ်နိုင်လို့ ဒေသခံတွေက ဆန်စက်အစား ကိုယ်တိုင် စပါးထောင်းနေကြရ

-

ကရင်နီပြည်နယ်က မယ်စဲ့မြို့နယ်တစ်နေရာမှာ ဒေသခံတွေ စပါး ထောင်းနေကြတာဖြစ်ပါတယ်။
ဆန်စက်တွေမှာဆိုရင် လျှပ်စစ်မီးမလာတဲ့အတွက် ဆန်ကြိတ်လို့မရသလို၊ ဓာတ်ဆီနဲ့ကြိတ်တဲ့ ဆန်စက်တွေမှာဆိုရင်လည်း အခငွေပေးပြီး ကြိတ်ရတာဖြစ်ပါတယ်။

ဓာတ်ဆီဖိုး မတတ်နိုင်တဲ့အတွက် ဒေသခံတွေက ဆန်စက်အစား အခုလို စပါးထောင်းဆုန်တွေနဲ့ ကိုယ်တိုင် ထောင်းနေကြတာဖြစ်ပါတယ်။ ဓါတ်ဆီဆိုရင် တစ်လီတာသုံးထောင် စျေးရှိပြီး၊ ပြီးခဲ့တဲ့ တစ်ပတ်အထိလည်း ဓါတ်ဆီစျေး ပုံးဝါ တစ်ပုံးကို ခြောက်သောင်းထိမြှင့်တက်ခဲ့ပါတယ်။
ဆန်ကိုလည်း သယ်ယူဖို့ အခက်အခဲရှိနေတာကြောင့် ဆန်စျေးနှုန်းတွေ မြှင့်တက်နေပါသေးတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ