ကန္တာရဝတီတိုင်း ( မ် )
ပဋိပက္ခကာလအတွင်း ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံတွေ့နေရတဲ့ ကရင်နီပြည်မှာ ပြည်သူတွေအနေနဲ့ ဘယ်လိုကြိုတင်ပြင်ဆင်သင့်လဲ၊ တိုက်ခိုက်မှုဖြစ်ပွားချိန်နဲ့ ဖြစ်ပြီးနောက် ဘယ်လိုသတိထားနေထိုင်သင့်လဲ၊ လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု အခြေအနေတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန၊ အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဟင်နရီကို ကန္တာရဝတီတိုင်း ( မ် ) က တွေ့ဆုံမေးမြန်းထားပါတယ်။





