Homeသတင်းသီရိမင်္ဂလာတောင်စျေးတွင် ယာဉ်မတော်တဆဖြစ်ပွားပြီး လူကိုးဦး ဒဏ်ရာရ

သီရိမင်္ဂလာတောင်စျေးတွင် ယာဉ်မတော်တဆဖြစ်ပွားပြီး လူကိုးဦး ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့နယ် သီရိမင်္ဂလာတောင်စျေးတွင် ဒီကနေ့ မေလ ၁၄ရက်နေ့မှာ ယာဉ်မောင်းဟာ ရုတ်တရက် ကျန်းမာရေးချို့ယွင့်မှုဖြစ်ပြီး ကားအရှိန်မထိန်းနိုင်ပဲ ယာဉ်မတော်တဆဖြစ်ပွားပြီး လူကိုးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စျေးတန်းမှာရှိတဲ့ စျေးသည်တွေကို ဝင်တိုက်မိပြီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့သလို ယာဉ်မောင်းနဲ့ ကားပေါ် လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အသက် ၁၂နှစ်အရွယ်အရွယ် မိန်းကလေးငယ်တစ်ဦး ညာခြေထောက်ထက်ပိုင်းကျိုးသွားပြီး အသက် ၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦး ဘယ်လက်ဖျံရိုးကျိုးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၃၁နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း တင်ပါးဆုံရိုးကျိုးသွားပြီး ကျန်တဲ့သူတွေကတော့ ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာတွေနဲ့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ရွှေညောင်ပင် ပရဟိတအသင်းကနေ ကူညီပြီး လွိုင်ကော်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သီရိမင်္ဂလာတောင်စျေးမှာရှိတဲ့ စျေးဆိုင်တချို့လည်း ပြိုကျပျက်စီးတာရှိသလို့ ကားဟာ သစ်ပင်နဲ့ ဝင်တိုက်မိပြီး ကားဦးခေါင်းပိုင်း ပျက်စီးသွားပါတယ်။

ဓာတ်ပုံ-ရွှေလွိုင်ကော် ပရဟိတအသင်း
ဓာတ်ပုံ-ရွှေလွိုင်ကော် ပရဟိတအသင်း
ဓာတ်ပုံ-ရွှေလွိုင်ကော် ပရဟိတအသင်း

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ