spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၄) တည်ထောင်ခြင်းတစ်နှစ်ပြည့် အခမ်းအနားပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၄) တည်ထောင်ခြင်းတစ်နှစ်ပြည့် အခမ်းအနားပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၄) တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ အောက်တိုဘာလ ၁၂ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ KNDF B-14 က သတင်းထုတ် ပြန်ထားပါတယ်။

“မိမိတို့ တပ်ရင်း ၁၄သည် လူငယ်များဖြင့်ဖွဲ့စည်းတည်ထောင်ထားတဲ့တပ်ရင်းဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ လက်နက်ကိုင်တော်လှန်ရတဲ့အလုပ်ဟာ လူတိုင်းမလုပ်နိုင်တဲ့အရာ၊လုပ်ခွင့်မရတဲ့အရာတစ်ခုဖြစ်တဲ့အတွက် ပေးဆပ်နေရသည်ဟုမခံယူဘဲ ဂုဏ်ယူသင့်ကြောင်း နှင့် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ရသည်အထိ တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများနှင့်အတူ တစ်သားတည်ရပ်ကာ အာဏာရှင်ကိုအမြစ်ပြတ်ချေးမှုန်းသွားမည်ဖြစ်သည်။” လို့ KNDF B-14 က ရေးသားဖော်ပြထားပါတယ်။

တပ်ရင်းအနေနဲ့ လိုအပ်ချက်များစွာရှိနေပေမယ့်လည်း ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်နိုင်ရန် ကရင်နီပြည်ရှိ ပြည်သူလူထုများသဘောတူညီပါက တခြားတိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း နဲ့ KNDF သစ္စာအဓိဌါန် ၅ချက်နဲ့အညီ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းတည်ထောင်ထားတဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၃၁ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တပ်ရင်းပေါင်း ၂၁ ရင်းရှိပြီး မဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ