spot_img
18.2 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်တွင်းအခြေအနေတွေကိုထင်ဟပ်စေတဲ့ ပန်းချီပြခန်းပြုလုပ်

ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်တွင်းအခြေအနေတွေကိုထင်ဟပ်စေတဲ့ ပန်းချီပြခန်းပြုလုပ်

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ကရင်နီပြည်တွင်းက စစ်ကောင်စီရဲ့ ဖိနှိပ်မှုကိုခံစားနေရတဲ့ ပြည်သူတွေရဲ့ အခြေအနေကို ထင်ဟပ်စေတဲ့ ပန်းချီပြခန်းကို ကရင်နီအမျိုးသားနေ့အခမ်းအနားမှာ ပြသခဲ့ပါတယ်။

အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခံရတဲ့ ဖရူဆိုမြို့က မိုဆိုဖြစ်စဉ်၊ စစ်ရှောင်စခန်းမှာနေထိုင်ရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ စစ်ကောင်စီရဲ့ လူထုတွေအပေါ် ဖိနှိပ်မှုပုံစံအမျိုးမျိုးကို ပန်းချီနဲ့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

“ရည်ရွယ်ချက်ကတော့ နံပါတ် ၁ ကတော့ ဒီစခန်းထဲမှာ ဒီလို ပန်းချီပြပွဲကတော့ တခါးမလုပ်ဖူးလေနော။ နောက် ဝါသနာရှင်ပဲဖြစ်ဖြစ် ကလေးသူငယ်ပဲဖြစ်ဖြစ်ကျနော်တို့ မွေးထုတ်ချင်တဲ့အပိုင်းတွေ ပါတယ်ပေါ့။ နောက်ပြီးတော့ တစ်ပိုင်းက ကျနော်တို့ စခန်းထဲမှာ နေထိုင်ရတာ မွန်းကျပ်တယ်။ တိုင်းပြည်ပြည်တွင်းက အခြေအနေတွေ ခံစားချက်တွေကို သူတို့ ဖော်ထုတ်နိုင်အောင်ဆိုပြီးတော့မှ ကျနော်တို့ ဒီလို ရည်ရွယ်ချက်နဲ့ ဒီလိုပြခန်းကို လုပ်ရခြင်းဖြစ်တယ်ပေါ့။” လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ် ပန်းချီဆရာတစ်ဦးလည်းဖြစ်တဲ့ ခူညေးရယ်က ပြောပါတယ်။

ဒီကနေ့ ( ဇွန်လ ၂၁ ရက်နေ့ ) ဟာ ၁၄၈ နှစ်မြောက် ကရင်နီအမျိုးသားနေ့ဖြစ်ပြီး ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ အခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအမျိုးသားနေ့အခမ်းအနားကျင်းပတဲ့ နေရာမှာ ပန်းချီပြခန်းကို ပြသခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီအမျိုးသားနေ့နဲ့ ပတ်သက်တဲ့ ပန်းချီပြိုင်ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း ကရင်နီအမျိုးသားနေ့ကို ကျင်းပခဲ့ကြပေမယ့် လက်ရှိအခြေအနေအရ ကရင်နီပြည်တွင်းမှာ ပွဲကျင်းပဖို့ လုံခြုံရေးအရအခက်အခဲရှိနေပေမယ့် အမျိုးသားနေ့ကို အမှတ်ရနေကြဖို့ ခူညေးရယ်က ပြောပါတယ်။

“ဒါက ကျနော်တို့ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ ကျနော်တို့ ကျင်းပတာပေါ့နော။ အဲဒီလိုပဲ ပြည်တွင်းမှာလည်း ကျင်းပစေချင်တယ်ပေါ့။ တချို့ကျင်းပမှာပါ ကျနော်တို့ သိရသလောက်ဆို ဒါပေမယ့် အခြေအနေအရက လုံခြုံမှုမရှိတော့ တချို့ကလည်း ကျင်းပရဲချင်မှာ ကျင်းပရဲမှာပေါ့။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ မမေ့ဖို့လိုတယ် ဆိုတဲ့ဟာကိုတော့ ကျနော်တို ပြောကြားချင်ပါတယ်။” လို့ ခူညေးရယ်က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ