spot_img
24 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာစစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး

စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့နယ်မှာ အရပ်သား ၄ ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

မနေ့က (ဇွန်လ ၂၅ ရက်) နေ့ခင်းပိုင်းမှာ ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ Free Burma Ramger တည်ထောင်သူ David Eubank က ၎င်းရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

“လေယာဉ်ဗုံးကြဲခဲ့တဲ့နေရာ နဲ့ နေရာထဲပဲ။ နန်းကစ်ပေါ့။ ပြီးတော့ အိမ်တွေမီးလောင်သွားတယ်။ သူတို့ လေယာဉ်နဲ့ ပစ်လိုက်တဲ့ ကျည်တွေ နဲ့ ပစ်လိုက်တဲ့ဒုံးကျည်တွေကြောင့် မီးတွေထလောင်တာဖြစ်မယ်။ ဒီဘက်မှာ အိမ်တွေပျက်စီးတယ်။ ဘုရားကျောင်းတွေပျက်တယ်။ လမ်းမပေါ်မှာ ရွာသား ၄ ယောက်အသတ်ခံရတယ်။ ဒီ ၂၅ရက် နေ့ ဇွန်လ ၂၀၂၃ ကရင်နီပြည် ဖားဆောင်းမှာ ဖြစ်ခဲ့တာပါ။” လို့ David Eubank က ၂၅ ရက်နေ့ညနေပိုင်းမှာ တင်ထားတဲ့ သူ့ရဲ့ မှတ်တမ်းဗီဒီယိုမှာ ပြောထားပါတယ်။

ကျေးရွာတစ်ရွာတည်းကိုပဲ လေယာဉ်လာရောက်ပစ်ခတ်ခဲ့ပြီး မီးလောင်မှုရှိခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ပြောဆိုပါတယ်။

ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာတော့ အဆိုပါ သေဆုံးခဲ့တဲ့ အမျိုးသား ၄ ဦးရဲ့ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Free Burma Rangers

ဖားဆောင်းမြို့နယ်အတွင်းမှာ ဇွန်လ ဒုတိယပတ်ကစပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဖားဆောင်းဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ဖားဆောင်းသံလွင်တံတားထိပ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

လက်ရှိ တိုက်ပွဲတွေကြောင့် ဖားဆောင်းမြို့ပေါ် နဲ့ အနီးအနားကျေးရွာက ဒေသခံ ၆၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ