spot_img
19.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းမပေါက်ကွဲသေးတဲ့ စွပ်ဗုံးကို ရှင်းလင်းနေစဉ် မတော်တဆပေါက်ကွဲပြီး ၁ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

မပေါက်ကွဲသေးတဲ့ စွပ်ဗုံးကို ရှင်းလင်းနေစဉ် မတော်တဆပေါက်ကွဲပြီး ၁ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ မပေါက်ကွဲသေးတဲ့ စွပ်ဗုံးကို ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ ( PK Police) က ရှင်းလင်းရေး လုပ်နေစဉ်အတွင်း မတော်တဆ ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“စွပ် ဗုံးကို လက်ထဲမှာ ကိုင်ထားနေတဲ့အချိန် ဂက်စ်သီး ရှိတဲ့ဖက်နဲ့ ထောက်ချမိပြီး လက်ထဲပေါက်ကွဲသွားတာ။” လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ PK Police အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့သူမှာ ရဲဘော် လောရင်းရှို (ခ) အောင်လှ ဖြစ်ပြီး ဆေးကုသဖို့ သွားနေတဲ့ လမ်းခုလတ်မှာ သေဆုံးသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကျန် ၂ ဦးကိုတော့ ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကို စစ်ကောင်စီတပ်တွေ အထိုင်စခန်းချခဲ့တဲ့ နေရာအနီးမှာ တောင်သူတစ်ဦးကနေ တွေ့ရှိခဲ့တာဖြစ်ပြီး ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ (PK Police)ကို သတင်းပေးခဲ့တာကြောင့် သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ