spot_img
Homeသတင်းအိမ်မွေးမျောက်ကုတ်လို့ မျက်ကြည်လွှာ ထိခိုက်သွားတဲ့ အသက် ၉ နှစ်အရွယ်ကျောင်းသူ ဆေးကုစရိတ်လိုအပ်

အိမ်မွေးမျောက်ကုတ်လို့ မျက်ကြည်လွှာ ထိခိုက်သွားတဲ့ အသက် ၉ နှစ်အရွယ်ကျောင်းသူ ဆေးကုစရိတ်လိုအပ်

-

ကန္တာရဝတီတိုင်း(မ်)
( အလုပ်သင်သတင်းထောက်မှ ရေးသားသည်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ အိမ်မွေးမျောက်ကိုက်ခံရတဲ့ အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသူတဦးဟာ ညာဘက်မျက်လုံး မျက်ကြည်လွှာထိခိုက်၊ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူဖို့အတွက် ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ပေးပို့

အဆိုပါဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ မျောက်ကိုက်ခံရပြီးနောက် နီးစပ်ရာဆေးရုံတွေမှာ ဆေးကုသမှုခံယူခဲ့ပေမဲ့ ဒဏ်ရာကို ဆက်လက်ကုသနိုင်ဖို့အတွက် တခြားဒေသကို သွားရောက်ကုသဖို့ လိုအပ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“ကလေးမက သူ့ဘာသာသူ နေနေတာကို မျောက်တကောင်က လာတိုက်ခိုက်တာပါ။ အဲ့ဒီလို တိုက်ခိုက်ခံရတာကြောင့် သမီးရဲ့ ညာဘက်မျက်လုံး မျက်ကြည်လွှာ ထိခိုက်သွားတာပါ” လို့ အဆိုပါ ကျောင်းသူရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

လက်ရှိမှာ ကလေးငယ်ကို တခြားဒေသသို့ ပို့ဆောင်ကုသဖို့ လိုအပ်နေတာကြောင့် ဆေးကုသစရိတ်အပြင် ခရီးသွားလာရေးစရိတ်တွေပါ ကုန်ကျမှာဖြစ်ပြီး မိသားစုအနေနဲ့ အဲ့ဒီကုန်ကျစရိတ်တွေကို ငွေကြေးမတတ်နိုင်ဘူးလို့ ဆိုပါတယ်။

“အခု အခက်အခဲအနေနဲ့ဆို ငွေရေးကြေးရေးပေါ့။ အခုချိန်မှာ ဆေးဖိုးဝါးခကအစ၊ ကားခကအစ အခက်အခဲရှိပါတယ်” လို့ ကျောင်းသူရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

အဆိုပါ ကျောင်းသူကို ဆေးကုသမှု ဆက်လက်ခံယူနိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ