spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းလွိုင်ကော်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသူတစ်ဦးအပါအဝင် အကျဉ်းသား ၆ဦး လွတ်မြောက်လာ

လွိုင်ကော်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသူတစ်ဦးအပါအဝင် အကျဉ်းသား ၆ဦး လွတ်မြောက်လာ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်ရှိ လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသူ တစ်ဦးအပါအဝင် အကျဉ်းသားစုစုပေါင်း ၆ဦး လွတ်မြောက်လာတယ်လို့ ဒီကနေ့ ဇွန်လ ၄ရက်နေ့မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA) က ထုတ်ပြန်ထားပါတယ်။

လွတ်မြောက်လာသူ ၆ ဦးမှာ နိုင်ငံရေးအကျဥ်းသူတစ်ဦးနဲ့ အခြားသောအမှု ၅ဦး ပါဝင်တယ်လို့ KPPA ရဲ့ ပြန်ကြားရေးတာ၀န်ခံ ထားဖိုးက ကန္တာရ၀တီတိုင်း(မ်) ကို ပြောပါတယ်။

“ဆေးမှု က လေးဦး၊ တမအ( တပ်မတော်အက်ဥပဒေ) က တစ်ဦး၊ ပြီးတော့ နိုင်ငံရေးအမှု – ၁၉(စ) ၊ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဂ) က တစ်ဦးပေါ့နော်။ အမှုကျခံတဲ့ သက်တမ်းလို့ ပြောရင် ပြောရခက်တာပေါ့‌။ ဘာလို့လဲဆိုရင် အမှုတွေက မတူသလို သူ့အမှုနဲ့သူကျတဲ့ သက်တမ်း လည်း မတူကြဘူးပေါ့လေ။ ဆေးမှုဆိုရင် သူကျတဲ့ ပုဒ်မအရ ၅နှစ်အထက်လောက်ကျတယ်။ တမအ ကလည်း သူ့ပုဒ်မနဲ့သူ နိုင်ငံရေးအမှုလည်း ၃နှစ်အထက်လောက်ရှိတာပေါ့။”လို့ KPPA ရဲ့ ပြန်ကြားရေးတာ၀န်ခံ ထားဖိုးက ဆိုပါတယ်။

လက်ရှိ လွိုင်ကော်အကျဉ်းထောင်အတွင်းမှာ အကျဥ်းသားစုစုပေါင်း ၄၀၀ ကျော် ကျန်ရှိနေသေးပြီး အကျဉ်းသားတွေရဲ့ စားဝတ်နေရေးအခြေအနေဟာ ယခင်ကထက် ပိုမိုဆိုးဝါးလာနေပြီး အကျဥ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေလည်း စိုးရိမ်ရဖွယ် အခြေအနေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

လွိုင်ကော်အကျဉ်းထောင်က အကျဥ်းသားတွေဟာ သွေးတိုးရောဂါ နဲ့ ယားယံမှု အဖြစ်များကြပြီး ကျန်းမာရေးဆိုးရွားမှုကြောင့် ဆေးရုံတင်ရတဲ့ အဆင့်လည်း ရှိနေတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ