spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

မေ မှ နိုဝင်ဘာအထိ ၆ လတာကာလ ကယားပြည်နယ်အတွင်း ကုမ္ပဏီ ၃၂ ခု မှတ်ပုံတင်ခွင့်ပြုခဲ့

Author

Date

Category

လင်းသန့်/ဖဲဘူး

ကယားပြည်နယ်အတွင်းမှာပင် လုပ်ငန်း သို့မဟုတ် ကုမ္ပဏီများ အလွယ်တကူ မှတ်ပုံတင်နိုင်ပြီးဖြစ်သည့် အတွက် မေလမှစပြီး ၆ လအတွင်း ကုမ္ပဏီ ၃၂ ခု လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က ကနာ္တရဝတီတိုင်း(မ်)သို့ ပြောသည်။

“အရင်တုန်းက တာဝန်အရ နေပြည်တော် သွားရတာပေါ့ တောင်ကြီးသွားရတယ် ရန်ကုန်မှာ လုပ်ချင်တယ်ဆိုလည်း လုပ်ပေးတာလည်း ရှိတယ်ပေါ့နော် ခုတော့ ကိုယ့်ပြည်နယ်အတွင်းမှာပဲ စီးပွားရေးသမားတွေပေ့ါ အလွယ်တကူ လုပ်လို့ရအောင် ကုမ္ပဏီအလုပ်တွေကော ရင်းနှီးမြုပ်နှံမှုတွေကော။ ရုံးခွဲလာဖွင့်တာပေါ့နော် တခြားတိုင်းဒေသ ပြည်နယ်တွေမှာ ဒီလိုရုံးခွဲသစ်တွေ ဖွင့်ပြီကုန်ပါပြီ မပြီးသေးတာ ချင်း တခုတည်းပဲပေါ့နော်”ဟု ဒေါ်မေမျိုးဇော်က ပြောသည်။

ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ရုံးကို ၂၀၁ရ ခုနှစ် မေလကတည်းက စတင်ဖွင့်လှစ်ခဲ့ကာ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများအတွက် သတင်းအချက်အလက်မေးမြန်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို လွယ်ကူလာရန် ၎င်းတို့က ရည်ရွယ်နေသည်။

ထို့အပြင် ကုမ္ပဏီမှတ်ပုံတင်ခြင်းအတွက် ပြုလုပ်ပေးရာ၌ ၁ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေနေပြီး လုပ်ငန်းရှင်တွေအတွက် အချိန်ကြန့်ကြာမှု အနည်းဆုံးဖြစ်အောင် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

“ကုမ္ပဏီတစ်ခုထောင်မယ်ဆိုရင် သူတို့နာမည်စစ်တာပေါ့ ကျမတို့ကို နာမည်ရပြီဆိုရင် ဒီရက် မြန်မြန်နာမည်ရမယ်ဆိုရင် မနက်ဖြန်ကဒ်ထုတ်ပေးနိုင်တယ်” ဟု ဒေါ်မေမျိုးဇော်က ပြောသည်။

DICA သို့ လာရောက် မှတ်ပုံတင်သည့် ကုမ္ပဏီအများစုမှာ ဆောက်လုပ်ရေးလုပ်ငန်းအမျိုးအစားဖြစ်ပြီး ရောင်းဝယ်ရေးလုပ်ငန်းက ဒုတိယနေရာတွင် ရှိနေသည်။

မေလမှ စတင်ဖွင့်လှစ်လိုက်သည့် ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံ လုပ်ငန်းပေါင်း ၄၈ မျိုးကို မှတ်ပုံတင်ထားနိုင်ကြောင်း သိရသည်။ ကယား DICA သို့ ရင်းနှီးမြှပ်နှံခြင်းနှင့် ကုမ္ပဏီများမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကို လာရောက်မေးမြန်စုံစမ်းနိုင်ကြောင်း ဆိုသည်။

၆ လတာအတွင်း ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှပ်နှံခြင်း လုပ်ငန်းများ မရှိသေးသော်လည်း ကုမ္ပဏီ ၃၂ ခုအထိ လာရောက်မှတ်ပုံတင်ခဲ့ကာ ယခင်မှစ၍ နိုဝင်ဘာလအထိ မှတ်ပုံတင်ထားသော ကုမ္ပဏီစုစုပေါင်းမှာ ၁၆၃ ခု အထိ ရှိပြီဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts