spot_img
30.2 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနန်းစံဖူးချောင်း ရေကျဆင်းပြီး ၃ ရက်ကြာအထိ အသုံးပြုလို့ မရသေး

နန်းစံဖူးချောင်း ရေကျဆင်းပြီး ၃ ရက်ကြာအထိ အသုံးပြုလို့ မရသေး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အ‌နောက်ဖက်ခြမ်းမှာ ရှိတဲ့ နန်းစံဖူးချောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ချောင်းရေတွေ နောက်ကျိသွားသလို ရေတွေကျဆင်းသွား တယ်လို့ ဒေသခံတွေကပြောပါတယ်။

ငလျှင်လှုပ်ခတ်မှုပြီး ၃ရက်မြောက်နေ့အထိ ရေကြည်လင်လာခြင်းမရှိတာကြောင့် ဒေသခံတွေ အသုံးပြုလို့မရသေးဘူးလို့ဆိုပါတယ်။

“မနေ့ကဆို ဒီချောင်းက ရေမရှိတော့ဘူးလေး၊ နည်းနည်းပြန်ထွက်လာတယ်၊ ဒါပေမယ့် ရွံ့တွေပဲဆိုတော့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နန်းစံဖူး ချောင်းရေကို ဒေသခံတွေအပြင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာ တော်တော်များများက သောက်သုံးရေအဖြစ် အသုံးပြုကြသလို ရေချိုး၊ အဝတ်လျော်ဖို့အတွက်လည်း အသုံးပြုနေကြတာပါ။

“အခု ဆို သုံးရက်လောက်ရှိပြီးပေါ့၊ အဝတ်လျှော်ဖို့၊ ရေချိုးဖို့ဆို မရသေးဘူး၊ ရေခပ်တဲ့သူတွေက အပြင်နားလေး ကန်တူးထားလို့ ရေခပ်လို့ရတာပေါ့နော”လို့ သူကပြောပါတယ်။

နန်းစံဖူးချောင်းကို ဒေသခံနဲ့ စစ်ဘေးရှောင်တွေ စုပေါင်းအသုံးပြုကြပြီး အားထားရတဲ့ ရေချောင်းတစ်ခုဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ