spot_img
24.8 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီရဲ့ အသေခံဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဖယ်ခုံ PDF ဆို

စစ်ကောင်စီရဲ့ အသေခံဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဖယ်ခုံ PDF ဆို

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ ခေါင်းအိရွာသစ်ကို တိုက်ခိုက်မှုလုပ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်း (၁) စင်းကို ဧပြီလ ၃ရက်နေ့မှာ ပစ်ချနိုင်ခဲ့တယ်လို့ ဖယ်ခုံ PDF အမှတ် (၁၀၀၂) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“၂ စင်းရှိတယ် လာရောက်တိုက်ခိုက်တာ။ ၁စင်း ပစ်ချနိုင်ခဲ့တယ်။ ၁၀ ကြိမ်မြောက် ပစ်ခတ်မှုမှာ ပစ်ချနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။”လို့ ဖယ်ခုံ PDF အမှတ် (၁၀၀၂) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကောင်စီက အပစ်ခတ် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အပြင် အသေခံဒရုန်းတွေနဲ့ နေ့စဉ်တိုက်ခိုက်နေတယ်လို့လည်း ဒီကနေ့ ဧပြီလ ၄ ရက်နေ့မှာ ဖယ်ခုံ PDF က အသိပေးထုတ်ပြန်ပါတယ်။

မြေပြင်မှာ နှစ်ဖက်ထိတွေ့မှုတွေ မရှိဘဲ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက နေ့စဥ် လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်၊

လက်ရှိ ခေါင်းအိရွာသစ်ကို စစ်ကောင်စီ အသေခံဒရုန်း ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့က ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့ ဖယ်ခုံ PDF အမှတ် (၁၀၀၂) တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ