spot_img
22.7 C
Loikaw
Thursday 26, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖယ်ခုံမြို့မှာ ဦးဇင်းနဲ့ ကပ္ပိယ တို့ကို ပစ်ခတ်သတ်ဖြတ်သူကို ပြည်နယ်တရားရုံးမှာတရားစွဲ

ဖယ်ခုံမြို့မှာ ဦးဇင်းနဲ့ ကပ္ပိယ တို့ကို ပစ်ခတ်သတ်ဖြတ်သူကို ပြည်နယ်တရားရုံးမှာတရားစွဲ

-

ကန္တာရဝတီတိုင်း (မ်)

ကျောင်းထိုင်ဘုန်းတော်ကြီးနဲ့ ကပ္ပိယတစ်ဦး တို့ကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပျားစစ်ကြောင်းက တပ်သားတစ်ဦးကို ကြားကာလအစီအမံအရဖွဲ့စည်းထားတဲ့ ကရင်နီပြည်၊ ပြည်နယ်တရားရုံးမှာ တရားစွဲဆိုထားပြီဖြစ်တယ်လို့ ကရင်နီရဲတပ်ဖွဲ့ (KSP) ရဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ နာဟီးကျေးရွာအုပ်စု၊ အုံထိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရ နဲ့ ကပ္ပိယ စိုင်းခင်မောင်လတ် တို့ကို ရှမ်း‌တောင်အခြေစိုက် ပျားစစ်ကြောင်းက ရဲဘော်မောင်ဘလတ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

“ရဲဘော်တစ်ဦးကပဲ နှစ်ယောက်လုံးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကျနော်တို့ စုံစမ်းစစ်‌ဆေးရတဲ့အတွက် ဒီရဲဘော်ကိုပဲ ကျနော်တို့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ တရားစွဲတင်ပို့တာဖြစ်ပါတယ်” လို့ KSP ပြောရေးဆိုခွင့်ရှိသူ ဦးဘိုဘိုက ပြောပါတယ်။

ကရင်နီပြည်ရဲဌာန ၊ အမှတ် (၁၁) ရဲစခန်း (ပ)/၂၀၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ နဲ့ အမှုကို ဧပြီလ ၁ ရက်နေ့မှာ စတင်အမှုဖွင့်စစ်ဆေးခဲ့တာဖြစ်ပြီး အပြစ်ရှိကြောင်းထင်ရှားတဲ့ ရဲဘော်မောင်ဘလတ် တစ်ဦးထဲကိုပဲ ဧပြီလ ၁၁ ရက်နေ့မှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း လူသတ်မှု ၂ မှုနဲ့ ရာဇဝတ်မှုပြစ်ဒဏ်ထိုက်သောလူသေမှု ၁ မှုကို ကြားကာလအုပ်ချုပ်ရေးကောင်စီ လက်အောက်၊ တရားရေးဌာနက လက်ခံဆောင်ရွက်ခဲ့တယ်လို့ IEC တစ်နှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ