spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဖယ်ခုံအနောက်ခြမ်းက ကျေးရွာတစ်ခုမှာ ဒေသခံနဲ့ စစ်ရှောင်လူထုတွေအတွက် စားနပ်ရိက္ခာ နဲ့ လူသားချင်းစာ‌နာထောက်ထားမှု အကူအညီလိုအပ်

ဖယ်ခုံအနောက်ခြမ်းက ကျေးရွာတစ်ခုမှာ ဒေသခံနဲ့ စစ်ရှောင်လူထုတွေအတွက် စားနပ်ရိက္ခာ နဲ့ လူသားချင်းစာ‌နာထောက်ထားမှု အကူအညီလိုအပ်

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အ‌နောက်ဖက်ခြမ်းက ကျေးရွာတစ်ခုမှာ ဒေသခံနဲ့ စစ်ရှောင်လူထုတွေအတွက် စားနပ်ရိက္ခာ နဲ့ လူသားချင်းစာနာထောက်ထားမှု အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးဆီကနေ သိရပါတယ်။

“ကျေးရွာဒေသခံပြည်သူနဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ နဲ့ အခြေခံ ဆေးဝါးတွေ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။” လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးကဆိုပါတယ်။

အဆိုပါ ကျေးရွာ မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့က မိုးကြီးပြီး တောင်ကျရေ စီးဆင်းကာ လူထု သွားလာရာ လမ်းမတွေ၊ အများပြည်သူသုံး သောက်သုံးရေကန် နဲ့ လူထုရဲ့ လယ်ယာတွေ အချို့ ပျက်စီးခဲ့တာပါ။

ကျေးရွာအတွင်း ပျက်စီးမှုတွေအတွက် ကူညီမယ့်သူမရှိသေးတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ဖြေရှင်းဆောင်ရွက်ခဲ့ရသလို စားနပ်ရိက္ခာလိုအပ်ချက်တွေအတွက်လည်း လှူဒါန်းပေးသူမရှိသေးဘူးလို့ ဆိုပါတယ်။

“စစ်ရှောင်ကာလက ဘယ်အထိ ကြာမယ်မှန်းမသိ။ ဆွေမျိုးရှိရင် နည်းနည်း ခံသာတယ်ပြောရမယ်။ ဆွေမျိုးမရှိရင်တော့လေ အခက်ခဲလို့ပြောရင်းပေါင်းစုံပါပဲ ။ နေထိုင်ရေး၊ စားသောက်ရေး ကအစပေါ့။ လိုအပ်ချက်ကရှိနေဆဲပါပဲ။ ကိုယ်တိုင်ရှာစားဖို့လည်း မလွယ်ဘူး။”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ရှောင်လူထုတွေဟာ စစ်‌ဘေးအပြင် သဘာဝဘေးပါ ရင်ဆိုင်နေကြရတာကြောင့် အချိန်တိုင်း သတိနဲ့ နေထိုင်ကြဖို့ကိုလည်း စစ်ရှောင်ကူညီဆောင်ရွက်သူက တိုက်တွန်းထားပါတယ်။

အဲ့ဒီ ကျေးရွာမှာတော့ ဒေသခံ လူဦးရေ စုစုပေါင်း ၂၄၆ ဦးနဲ့ လာရောက်တိမ်းရှောင်ကြတဲ့ စစ်ရှာင်ပေါင်း ၁၃၃ ဦး ရှိပါတယ်။
လာရောက်တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေဟာ ဒီးမော့ဆို ၊ ဖယ်ခုံနဲ့ နန်းမယ်ခုံမြို့နယ်က စစ်ရှောင်တွေ ဖြစ်တယ်လို့ အဆိုပါ စစ်ရှောင်ကူညီဆောင်ရက်သူ အမျိုးသားတစ်ဦးဆီကနေသိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ