spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအာဏာရှင်ကိုတော်လှန်ဖို့ KNPDP အမှတ်(၃) တပ်ရင်းက တပ်သား အသစ်ခေါ်ဖြည့်တင်း

အာဏာရှင်ကိုတော်လှန်ဖို့ KNPDP အမှတ်(၃) တပ်ရင်းက တပ်သား အသစ်ခေါ်ဖြည့်တင်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ( KNPDP) အမှတ်(၃) တပ်ရင်းကနေ တပ်သား အသစ်ခေါ်ယူကြောင်း ယမန်နေ့ အောက်တိုဘာလ ၂ ရက်‌နေ့က သူတို့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

တပ်သားအသစ် ခေါ်ယူတာဟာ စစ်ကော်မရှင်တွေကို ပြန်လည် ခုခံတော်လှန်ဖို့အတွက် အင်အား ဖြည့်တင်း နိုင်ဖို့အတွက် ဖြစ်တယ်လို့ KNPDP အမှတ်(၃) တပ်ရင်းရဲ့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရည်ရွယ်ချက်တော့ ရှင်းရှင်းလေးဘဲ တော်လှန့်ရေး အမြန်ဆုံးပြီးမြောက်ဖို့ အားလုံးတူတူ ကြိုးစားလုပ်ဆောင်ကြမယ်။ စစ်ကော်မရှင် တပ်တွေကို ခုခံတော်လှန့်နိုင်ဖို့ရယ် တန်ပြန်ထိုးစစ်ပြန်လည်ပြုလုပ်နိုင်ဖို့ တပ် အင်းအားကို ပြန်ဖြည့်တင်းချင်လို့ပါ။”လို့ KNPDP အမှတ်(၃) တပ်ရင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

တပ်ရင်းအတွင်း ပါဝင်လိုသူအနေနဲ့တော့ အသက်၁၈နှစ်ကနေ ၃၅နှစ်ကြား ရှိသူဖြစ်ပြီး ကျန်းမားရေးကောင်းမွန်သူ၊ KNPDP ကချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာဆောင်ရွက်နိုင်သူ၊ တော်လှန်ရေး ပြီးဆုံးတဲ့ထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူ၊ KNPDP က ပေးအပ်တဲ့ မည်သည့် တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသ မရွေး တာဝန်ထမ်းဆောင်နိုင်သူ၊ ပြည်သူလူထုနဲ့ တော်လှန် ရေးအပေါ် သစ္စာစောင့်သိပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံသူ နဲ့ အမိန့်နာခံတတ်သူဖြစ်ရမယ်လို့ စတဲ့ သတ်မှတ်ချက်တွေကို သတ်မှတ်ထားတာရှိပါတယ်။

ဒါ့အပြင် တပ်ရင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း တော်လှန်ရေးမှာ စိတ်ဓာတ်ကျတာ ပျောက်သွားဖို့ အကောင်းဆုံးနည်းလမ်းက တော်လှန်ရေးအလုပ်ကို တကယ်ကြိုးစားလုပ်ဆောင်တာဖြစ်တယ်လို့ဆိုထားပါတယ်။

တပ်သားအဖြစ် ပါဝင် လိုတဲ့ တပ်သားအသစ်တွေဟာ KNPDP Battalion-03 Facebook Page ကနေ ဆက်သွယ် ချိတ်ဆက်လာလို့ရကြောင်းကိုလည်း တပ်ရင်း တာဝန်ရှိသူက တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ