KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂ ) ရက်၊ (အင်္ဂါနေ့)
– ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်မှာ “အကြမ်းဖက်မှု ပပျောက်ဖို့အတွက် ရှင်သန်လွတ်မြောက်သူနဲ့အတူ လက်တွဲပူးပေါင်းကြပါစို့ “ ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၆ ရက်တာလှုပ်ရှားမှု ပြုလုပ်
– ဖရူဆိုက ဒေါစော်ဗြေစစ်ဘေးရှောင်စခန်းမှာ ဆောင်းအအေးဒဏ်ကြောင့် ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် စောင်၊ အနွေးထည် လိုအပ်နေ
– ကရင်နီအမျိုးသားများကာကွယ်ရေတပ်ရဲ့ နိုဝင်ဘာလနောက်ဆုံးအပတ် စစ်ရေးအခြေအနေ။ စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကိုကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးနေတဲ့ လူငယ်အစီအစဉ်ကိုလည်း ဆက်လက် ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.8 mhz ထုတ်လွှင့်ပေးနေပါတယ်။



