Homeသတင်းဖရူဆိုအနောက်ခြမ်းကို စစ်ကော်မရှင်က မီးလောင်ဗုံးနဲ့ ပစ်ခတ်လို့ စစ်ရှောင်နေအိမ်နဲ့ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာများ မီးလောင်ပျက်စီး

ဖရူဆိုအနောက်ခြမ်းကို စစ်ကော်မရှင်က မီးလောင်ဗုံးနဲ့ ပစ်ခတ်လို့ စစ်ရှောင်နေအိမ်နဲ့ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာများ မီးလောင်ပျက်စီး

-

CJ / ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (မတ်လ ၅ ရက်နေ့) နေ့လည်ပိုင်းမှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်နေအိမ်တစ်လုံး မီးလောင်ပျက်စီးတဲ့အပြင် စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။

ဓတ်ပုံ / ပေးပို့

မီးလောင်ဗုံးကြောင့် စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာ မီးလောင်ပျက်စီးသွားခဲ့ပြီး လက်နက်ကြီးကြောင့် စစ်ရှောင်နေအိမ်တစ်လုံး ထိမှန်ပျက်စီးသွားတယ်လို့ အဆိုပါ နေရာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မီးလောင်ဗုံးတွေနဲ့ အရင်ပစ်တော့ ပုန်းမှီကြတော့ လူတော့မထိဘူး။ စစ်ရှောင်နေအိမ်တစ်လုံးနဲ့ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ အကုန်မီးလောင်သွားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒရုန်းတွေကနေ မီးလောင်ဗုံးတွေကို ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ကြီး သုံးလုံး ပစ်ခတ်လာတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။ ဒါ့အပြင် ညနေ ၆ နာရီဝန်းကျင်မှာလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်ခံရတဲ့ နေရာနဲ့အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီး အပြင် မီးလောင်ဗုံးတွေနဲ့ အရပ်သားတွေနေထိုင်ရာကို ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ